အပိုင်း(၂၄)

1.1K 69 6
                                    

မြူနှင်းတို့ရေးရေးကျနေတဲ့တံတားကြီးတွင် တစ်ဖက်မှမြင်ကွင်းကိုသဲကွဲစွာမမြင်ရအောင်ထူထပ်လို့နေခဲ့၏။ ‌တံတားအလယ်နားမှာတင်ရပ်ရင်း ရေပြင်ကျယ်နဲ့မြူခိုးရောယှက်နေတာကိုငေးနေမိခိုက် သူ့ပုခုံးပေါ်မှီနွဲ့လာတဲ့ရွှေအိုရောင်ဆံပင်အုပ်လုံးလုံးလေး..။

"ပြန်အိပ်ချင်နေတာလား"

ပိုင်က လေပြေ့ရဲ့ခေါင်းလုံးလုံးလေးကိုအုပ်ကိုင်ရင်း မေးလိုက်၏။ ပါးပြင်နုက သွေးကြောတွေမြင်ရတဲ့အထိ အသားဖြူဥနေတဲ့ကောင်လေးဟာ ရွှေအိုရောင်ဆံပင်လေးနှင့်လိုက်ဖက်ညီလွန်းသည်။

"အင်း"

"မနက်ခင်းစောစောထရင် စိတ်ကြည်လင်တယ်တဲ့. ညီ့ကျမှ အကိုဘယ်လိုအကျင့်လုပ်ပေးပေးပြန်အိပ်ချင်နေတာဘဲ။ ဒီအိပ်ပုပ်လေးကို ဘယ်လိုပြင်ပေးရပါ့"

"မပြင်‌နဲ့ပေါ့"

၉တန်းကတည်းကစာသင်ခန်းထဲ ခိုးခိုးအိပ်တတ်တဲ့သူ့အကျင့်ဟာ ယခုထိအအိပ်မက်နေတုန်းပင်။ ပိုင်က ဆောင်းတွင်းမနက်ခင်းတွေ စောစောထခိုင်းပေမယ့် အိပ်ချင်‌တို့ကပြေသွားလေ့မရှိ။

"ပြင်မှာဘဲကွာ"

နှာခေါင်းလုံးလုံးလေးကိုဆွဲဖြှစ်ရင်း သူအသည်းယားစွာဆိုမိ၏။ မျက်ခွံလေးတွေပိတ်လိုက်၊ဖွင့်လိုက်ဖြစ်နေတဲ့ကောင်လေးရှေ့ ကျောပေးကာကိုယ်ကိုအနည်းငယ်ကိုင်းပေးလိုက်ရင်း

"လာ.. တက်တော့ ၊ ကျောပေါ်မှာဆက်အိပ်"

"ဟီး.. ဒါမှအကိုကွ"

ခုန်တက်လာတဲ့ကိုယ်သေးသေးလေးကို မယိမ်းယိုင်အောင်ထိန်းရင်း ဆက်လျှောက်လာခဲ့၏။ သူ့ကိုသိုင်းဖက်ထားခဲ့တဲ့လက်လေးတွေကို တစ်သက်မြဲဖို့မျှော်လင့်သလို နားဖျားကိုရိုက်ခတ်လာတဲ့အသက်ရှုသံမျှင်းမျှင်းလေးတွေကို အချိန်တိုင်းကြားဖို့ဆုတောင်းမိသည်။

"အန်တီဘာပြောလဲ"

"မေလထဲမှာ အကိုနဲ့လက်ထပ်ဖို့ပြောတယ်"

"အင်း.. ပျော်လား"

"ပျော်ပါတယ်"

အသက်မပါတဲ့ဖြေကြားမှုသေးသေးလေးကပင် သူ့ကိုပျော်ရွင်အောင် စေစားနိုင်၏။

မောင့်လေပြေ (Completed)Donde viven las historias. Descúbrelo ahora