အပိုင်း(၉)

1.4K 85 0
                                    

ဒီဇင်ဘာလဆောင်းရာသီရဲ့နံနက်ခင်းဟာ မြူဆိုင်းတာမို့မှုန်ဝါးဝါးဖြစ်နေခဲ့၏။ လေပြေကအနွေးထည်အနက်ရောင်လေးကိုလျော့ရဲရဲ၀တ်ဆင်ရင်း ကျောပိုးအိတ်လေးကိုလွယ်ကာ အိမ်မှာခပ်လေးလေးထွက်လာသည်။

အအိပ်မက်လွန်းတဲ့သူ့အတွက် ဒီလိုဆောင်းရာသီမနက်ခင်းမနက်၇နာရီကျောင်းသွားရတာစွန့်စားခန်းပင်။ သူသည် ၉နာရီကျောင်းကိုပင် တခါတရံနောက်ကျတတ်သူဖြစ်လေ၏။ ညကိုမိုးစုန်းစုန်းချုပ်တဲ့အထိခိုင်းပေမဲ့ ကျောင်းတတ်တဲ့ရက်တွေဆိုမနက်အစောကြီးမထခိုင်းတဲ့အမေ့ကိုကျေးဇူးတင်မိသည်။

သို့သော် စနေ၊ တနင်္ဂနွေလိုရက်မျိုးတွင် အမေကစောစောထခိုင်းပြန်တာမို့ သူသည်ကျောင်းတတ်ရတဲ့ရက်တွေကိုပိုသဘောကျ၏။ အနည်းဆုံးတော့ကျောင်းမှာကပြန်အိပ်လို့ရသေးတယ်မဟုတ်ပါလား။

"အိပ်ချင်နေပြန်ပြီလား"

သူ့ဘေးတွင်စက်ဘီးထိုးရပ်လိုက်တဲ့ခွန်ပြည့်ကိုအလန့်တကြားကြည့်မိ၏။ မထင်ထားမိသောအသံကြောင့် ကိုယ်လေးပင်‌တုန်တက်သွားရသလို..။

"ဟီး... အင်း"

"လာ.. တက်"

"မင်း‌နဲ့ကျောင်းနဲ့နီးတာကို ဒီကိုဘယ်လိုရောက်လာ.."

"မင်း လာကြိုတာလေ. ကျောင်းမြန်မြန်ရောက်ရင် မြန်မြန်အိပ်လို့ရအောင်လို့"

"မင်းမှာ အနွေးထည်မပါဘူးဘဲ.. မချမ်းဘူးလားဟမ်"

"အဟက်! ရန်ကုန်ဆောင်းလောက်များကွာ"

လေပြေက ခွန်ပြည့်ရဲ့အင်္ကျီခါးစလေးကို ခပ်ဖွဖွဆုပ်ကိုင်ထား၏။ သူ့စိတ်ထဲနွေးသလို ခံစားရသည်။ ဒါဟာ ခွန်ပြည့်အင်္ကျီစလေးကိုဆုပ်ကိုင်ခွင့်ရတိုင်း သူခံစားရတဲ့ခံစားချက်လေးပါဘဲ။

"ငါမေ့သွားတယ် မင်းကရှမ်းလူမျိုးကိုး"

"အင်း.. ငါတို့ပင်လောင်းမြို့ဆို မင်းခံနိုင်ပါ့မလား။ အထူးသဖြင့်လွယ်မောင်းတောင်ဆိုရင်ပေါ့"

"ငါ‌ အရမ်းရောက်ဖူးချင်တာဘဲ"

"ငါလဲ မင်းကိုခေါ်သွားချင်တယ်.. ငါနေခဲ့ဖူးတဲ့မြို့လေးမို့ မင်းကိုပိုရောက်စေချင်တယ်"

မောင့်လေပြေ (Completed)Where stories live. Discover now