"လေပြေ"
သူ့ပုခုံးပေါ်ခေါင်းမှီရင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ကောင်လေးကိုမနှိုးချင်ပေမယ့်လဲ အသာအယာလှုပ်နှိုးလိုက်၏။ ထမင်းစားဖို့အတွက် ကားခဏနားပေးတာမို့ လေပြေ့ကိုတစ်ခုခုကျွေးမှရမည်။
"ရောက်ပြီလား မောင်"
"အင်း ရောက်တော့မှာပါ. ခုက အစားစားဖို့ရပ်ပေးတာ"
"အင်း"
မျက်လုံးတွေကိုပွတ်သပ်နေတဲ့လေပြေ့ရဲ့လက်တွေကို ဒီတခေါက်တေ့ာသူဖမ်းမဆွဲမိအောင်ချုပ်တည်းထားလိုက်ရင်းမှ ပြောပြီးတာနဲ့ရှေ့မှအရင်ဆင်းလာလိုက်သည်။ အောက်ကိုဆင်းလိုက်တာနဲ့ ခရီးသွားစီးကားအသွယ်သွယ်မှ လူတွေကတအုံတမနှင့်ရှုပ်ရှက်ခက်လို့နေ၏။
အိမ်ရဲ့ကားနှင့်သာခရီးအသွားအလာလုပ်တတ်သောသူ့အတွက် လေပြေသာမပါလျှင် ဤခရီးသည်စိတ်ရှုပ်စရာတွေချည်းပြည့်နေမှာအသေအချာ။ စိတ်ရှုပ်လာရင် မအောင့်အီးနိုင်သောသူ့စိတ်အခြေအနေက ကျုံမှောင်နေပြီဖြစ်သောသူ့မျက်ခုံးပေါ်မှာ အတိုင်းသားပေါလာလေပြီ။
"မောင်ကလဲ စောင့်ပါဦးဆို"
သူ့ကိုစောင့်ဖို့အတွက် ခြေလှမ်းကိုမသိမသာခပ်ဖြည်းဖြည်းလှမ်းနေခဲ့တဲ့ကိုယ့်ရဲ့လက်မောင်းကိုလှမ်းဆွဲကိုင်ရင်းပြောလိုက်တဲ့ လေပြေ့ရဲ့အသံကစူအောင့်အောင့်.. သူတစ်ချက်မျှစောင်းငဲ့ကြည့်ရင်း ခြေလှမ်းကျဲကျဲဖြင့်လျှောက်လာလိုက်တော့ သူ့လက်မောင်းကိုမှီတွဲရင်းလျှောက်လိုက်လာတဲ့လေပြေ့ခြေလှမ်းတွေကအမောတကော။
"မောင် ဖြည်းဖြည်းလျှောက်"
"မင်းလက်တွေကိုလွှတ်ပြီးလျှောက်လေ.လေပြေရဲ့"
ပြောခါမှဘဲ သူ့လက်မောင်းတွေကို ပိုတင်းကြပ်စွာဆွဲကိုင်လိုက်ရင်း
"ဟင့်အင်း. မောင် င့ါကိုပစ်ထားခဲ့ရင် ဘယ်လိုလုပ်မလဲ"
"ဟမ်.. အဟက် လေပြေရာ မင်းကိုပစ်ထားခဲ့ချင်မှဖြင့် ဒီကိုတကူးတကခေါ်လာပြီးပစ်ထားခဲ့မလား. ရန်ကုန်မှာတခါတည်းထားခဲ့မှာပေ့ါ"
![](https://img.wattpad.com/cover/286179862-288-k452990.jpg)
YOU ARE READING
မောင့်လေပြေ (Completed)
Romanceကျောင်းစိမ်းဘဝကနေ အရွယ်ရောက်လာတဲ့အထိ ပြဿနာတွေကြားထဲကနေ မြဲမြဲမြံမြံချစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ကြားက နွေးထွေးတဲ့ရပ်ဝန်းငယ်လေးအကြောင်း... ပြီးတော့ ထားရာနေ၊ စေရာသွားပြီး သိပ်ချစ်တတ်တဲ့ ဒုတိယလူကောင်လေးရဲ့တဖက်သတ်အချစ်တွေအကြောင်းပေါ့ 🤍 #Unicode ကျောင်...