အပိုင်း(၁၁)

1.3K 80 0
                                    

ဆောင်းရာသီရဲ့ညနေခင်းဟာ အစွန်းကုန်ချမ်းအေးစေဖို့အားယူနေခဲ့လျက်.။ သွပ်ပြားနဲ့သစ်သားရောကာထားခဲ့တဲ့သူတို့ကျူရှင်လေးအတွင်းထိပင် ချမ်းအေးမှုကတစိမ့်စိမ့်တိုး၀င်နေဆဲ..။

နောက်ပါးမှကျောပြင်ကိုကုတ်ဖဲ့နေမှုကြောင့်လေပြေကမျက်မှောင်လေးကျူံ့ရင်း မသိမသာလှည့်ကြည့်ရန်ပြင်ခိုက်

"လှည့်မကြည့်နဲ့ စာအုပ်ဘဲဒီဘက်နည်းနည်းတိုးပြ"

လေသံလေးနဲ့ဆိုတဲ့ဘုန်းခန့်ကြောင့် စာအုပ်လေးကိုတိုးပြလိုက်ရ၏။ ညဏ်ကောင်းပါရဲ့နဲ့စာမကျက်ချင်တဲ့ဘုန်းခန့်နားရင်းကိုနှစ်ချက်လောက် ဆင့်အုပ်ပစ်ချင်စိတ်ကလှစ်ခနဲပေါ်လာရသည်။

"ပြီးပြီလား"

"အေး"

လေပြေကနေရာမှထရင်း ဆရာမထံအဖြေလွှာသွားအပ်၏။ လေပြေတို့ရဲ့ကျူရှင်လေးမှာလဲ တစ်လ၊တစ်ခါဟု၍ တည်တည်ပပသတ်မှတ်ထားလေ့မရှိသော ဘာသာရပ်စာမေးပွဲအသေးစားလေးတွေဖြေရလေ့ရှိ၏။

"ခွန်ပြည့်"

"ဘာလဲ"

"မင်းသုတကိုပေးတဲ့မွေးနေ့လက်ဆောင်လေ မှတ်မိလား"

"အင်း. မှတ်မိတယ်လေ။ ကြယ်ဘူးမလား"

သုတဆိုတာ ကျောင်းစာအရ လေပြေနဲ့အတန်ငယ်ရင်းနှီးသောကောင်လေးဖြစ်၏။ သုတသည် အတန်းထဲတွင် အဆင့်နှစ်နဲ့သုံးကိုတလှည့်စီနေသည်။ သူ့မွေးနေ့တွင် မုန့်လိုက်ကျွေးကာ ကြယ်ခေါက်တဲ့ပစ္စည်းအစုံအလင်ဝယ်ပေးပြီး မွေးနေ့လက်ဆောင်အဖြစ် လေပြေ့ကိုအတင်းကြယ်ခေါက်ခိုင်းခဲ့ခြင်း..။

"အေး.. အဲ့ဘူးကို ငါခွန်ပြည့်တို့အိမ်မှာတွေ့တယ်သိလား"

"ဟမ်"

"ဟုတ်တယ်.. အိမ်ရှေ့ခန်းမှာချထားတာ"

"ပုံစံတူတာနေမှာပေါ့"

"ဘယ်ကသာ ဘူးပေါ်မှာမင်းလက်မှတ်လေးတောင်ပါသေး"

လေပြေက Blackboardပေါ်မှာစာလိုက်ကူးနေရင်းမှ စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်ရ၏။ ခွန်ပြည့်ကိုလဲသတိရသွားရသလို.. ဒီဇင်ဘာကျောင်းပိတ်ရက်ဖြစ်တာမို့ ခွန်ပြည့်နဲ့မတွေ့ရတာ ငါးရက်ခန့်ရှိလေပြီ။

မောင့်လေပြေ (Completed)Where stories live. Discover now