|| 1 ||

13.4K 713 28
                                    


( အချစ်ဟာ ကောင်းကင်ပြာကြီးလိုပဲ
နီးလွန်းတယ်လို့ ထင်ရပေမဲ့ တစ်ခါတစ်လေမှာ ထိတွေ့ခွင့် မရှိနိုင်လောက်တဲ့အထိ ဝေးကွာနေခဲ့တာမျိုး ။)

_______________________________________

#U & Z


" အကို... အားနာပေမဲ့ ဆိုင်က
ပိတ်တော့မယ်ဗျ ။ "

Waiter ကောင်လေးရဲ့
စကားသံကြောင့် ရှောင်ကျန့်
သောက်လက်စ ကော်ဖီခွက်ကို
ချလိုက်တယ် ။

သူ့ရှေ့မှာ... လည်း
ကုန်စင်​နေတဲ့
ခွက်ပေါင်းများစွာ ။

တိတ်တိတ်ဆိတ်ဆိတ် ပင်
ဘေးဘက်က လက်ဆွဲအိတ်ကို
ယူလိုက်ပြီး ကျသင့်ငွေကို
စားပွဲပေါ် တင်ထားပေးခဲ့လိုက်ပြီး
မလာနိုင်သူကို စော့်မျှော်ရခြင်း
တွေကိုလည်း ရပ်တန့်လိုက်မိတယ်။



ကော်ဖီဆိုင် ငယ်လေးက နေ
ထွက်ခွာသွားတဲ့ ရှောင်ကျန့်မျက်နှာက
ခန့််မှန်းရခက်အောင် အရယ်အပြုံး
ကင်းမဲ့လျက် ။

ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်း
အမူအရာ
တစ်စွန်းတစ်စ မှပင်ရှိမ​နေ ။


သူနေသားကျနေခဲ့ပါပြီ....
အမှတ်မရှိတာလေးတစ်ခုပါပဲ... ။



ညဘက်မို့ထင်သည် နီယွန်မီးရောင်
အောက်က အိမ်​ပြန် လမ်းက
သူ့အတွက်တော့
အထီးကျန်ဖွယ်အတိ ။

သူဟာ ပျော့ညံ့တဲ့ လူစား
မဟုတ်သလို အလွယ်တကူ
မျက်ရည် ကျတတ်သူမျိုးလည်း
မဟုတ်။

ငယ်စဥ်ကတည်းက
နူးညံ့မှု့မရှိတဲ့ ပတ်ဝန်းကျင်မှာ
ကြီးပြင်းလာခဲ့သူမို့
ဒီလောက်နဲ့တော့
သူမျက်ရည်မကျချင်တော့ပေ ။




ဘယ်သူရှေ့မှာမှ
မပြိုလဲပြချင်တော့ပါ.... ။
သူလဲကျရင် လက်ကမ်းပေးမဲ့သူ
မရှိပေမဲ့ ၊
အလွယ်တကူ နင်းချေ
သွားချင်သူကတော့
ပေါများလွန်းလှသည် ။

တစ်နာရီကျော်ကျော်လောက်
လမ်းလျှောက်ပြီးချိန်မှာတော့
သူ့ကွန်ဒို ကိုရောက်ရှိလာခဲ့ ပေပြီ ။



ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now