|| 23 ||

5.9K 506 15
                                    

# U & Z

" တစ်လှမ်းချင်းဆီ နောက်ဆုတ်ရင် နောက်ဆုတ်ရင်းနဲ့ ငါတို့ဟာ လက်လှမ်းမမှီနိုင်တောက်တဲ့ အကွာအဝေးတစ်ခုကိုရောက်ခဲ့ကြတယ် ။ နေသားမကျ
ပေမဲ့ နေတတ်အောင်ငါကြိုးစားခဲ့ပါတယ်။ "

~~~~~~~~~~~~~~~~~~~~~~


အိမ်ရှေ့က ကားသံကြောင့် Noel ကိုယ်လေး
မတ်ကနဲ ဖြစ်သွားရသည် ။

ဒီရက်ပိုင်း Leo အိမ်ပြန်မလာတာ ကြာပြီဖြစ်သည် ။

သမီးလေး ဆေးရုံဆင်းပြီးတဲ့ နေ့ကတည်းက
ပျောက်ချက်သား ကောင်းနေတာ။

ကားတံခါးပိတ်သံ ခပ်ပြင်းပြင်းကြောင့် Leo
စိတ်တိုနေပြီမှန်းသိလိုက်သည်။

ဧည့်ခန်းထဲမှာ စောင့်နေတဲ့ Noel ကို ​မြင်ပါလျက်နဲ့
မသိချင်ယောင်ဆောင်ကာ လှေကားပေါ်တက်ဖို့​
ပြင်နေသည်။

" Leo , မင်းဒီလို လုပ်နေမှ ဖြစ်မှာလား ။
ကိုယ့်ခံစားချက်ကို ထည့်မတွက်ဘဲ ။ "

" ကိုကို့ ကို ထည့်တွက်နေလို့ ကျွန်တော် ဒီမှာ
ရှိနေတာ ။ မကျေနပ်နိုင်ဘူးလား ။ ဘယ်လောက်ထိ အငြှိိုးတွေ ထားချင်နေသေးတာလဲ ။ တကယ်ဆို
ဒီကိစ္စ သူနဲ့မှ မဆိုင်ဘဲ... "

ဖြန်း!

ရိပေါ်ရဲ့ ပါးတစ်ဖက်က လည်ထွက်သွားသည်။


ယောကျာ်လေးအားမို့ ကိုကို့ ရိုက်ချက်ကလည်း
မသေးလှ ။

" မင်း.... မင်း...အဲ့ကောင်ရဲ့ သွေးသားကို
ငါ့ရှေ့မှာ ဒီလို ကာကွယ်ပေးနေတာ
မဟုတ်မှလွဲရော.... မင်း သူ့အပေါ် ချစ်မိနေတာလား
Leo ။ ဖြေလေ... ဖြေလို့ "

ဘုန်း !

ဘုန်း !

ရိပေါ် ရင်ဘတ်ကို တဘုန်းဘုန်း ထုနေသည့် Noel ။


သူကိုယ်တိုင်လည်း မျက်ရည်တွေ စီးကျလို့။

ထိုစဥ်

ဆောင့်တွန်းခံလိုက်ရတာမို့ Noel ဘေးဘက်ကို
လဲကျသွားရသည်။

" ငါ့သားကို ဘယ်အချိန်ထိ မင်းရဲ့ နယ်ရုပ်လို
အသုံးချချင်နေတာလဲ Noel ။ Leo မင်း လက်မပါဘူးလား ဘာလို့ ငြိမ်ခံနေတာလဲ ။ ငါမင်းကို ဒီလို ငြိမ်ခံနေဖို့သင်ထားပေးခဲ့သလား ။ "

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now