# U & Z
" It's breaking me, I'm losing you "
Wang Yibo's POV ( Katy Perry - The one that got away)
~~~~~~~~~~~~~~~~~~~
Xiao Zhan's POV
တစ်ကိုယ်လုံး နက်ဆွေး နေတဲ့ အသွင်နဲ့ ကောင်လေးက ရှောင်ကျန့်ဆီ အပြေးကလေးရောက်
လာလေသည်။ ထပ်ကြည့်စရာ မလိုလောက်အောင် ထိုသူက ဝမ် မှန်း ရှောင်ကျန့် သိလိုက်သည်။ခပ်ဝေးဝေးက အသွင်က အနီးကပ်ရောက်လာချိန်မှာလဲ ရှောင်ကျန့် အကြည့်မလွှဲမိ ။
ပါးရိုးလေးတွေ ချောင်ကျသွားတာပဲ ဘာတွေများ လုပ်နေခဲ့တာလဲ... ဝမ် ။ကိုယ့် ခန္ဓာကိုယ်တော့ ကိုယ်တိုင် ဂရုစိုက်မှပေါ့ လူဆိုးလေးရဲ့ ။
" ရောက်လာပြီလား ။ ကိုယ်မင်းအတွက် black coffee မှာထားပေးတယ်။ "
ထပ်ငေးမောခွင့်မရှိတော့မဲ့ ကောင်လေးရဲ့မျက်နှာလေးကို ရှောင်ကျန့် အမြတ်တနိုး စိုက်ကြည့်မိတယ်။
မျှော်ငေးနေရခြင်းတွေနဲ့ နေသားတကျဖြစ်နေတဲ့ ဘဝမို့ ကိုယ်ဘာကိုမှ ထပ်ပြီး မမျှော်လင့်ထားပါဘူး
ဝမ် ။" ရှောင်ကျန့်.... ကျွန်တော် ။ "
" ရိပေါ်... ကိုယ် ။ "
ပြိုင်တူ ထွက်ပေါ်လာတဲ့ စကားသံနောက်မှာ
ကောင်လေးက သူ့ကို မျက်စပြစ်ပြကာ
အရင်ပြောခွင့်ပေးသည်။" ကိုယ်တို့ ရပ်လိုက်ကြရအောင် ရိပေါ် ။ မင်းဘာရည်ရွယ်ချက်နဲ့ ကိုယ့်အနား ထပ်ရောက်လာလည်း
မသိပေမဲ့ ထပ်ပြီးတော့ ဒဏ်ရာအနာတရတွေ
မဖြစ်ခင် ရပ်တန့်ပြစ်လိုက်ရအောင် "ရှောင်ကျန့် သူ့ရှေ့က ကောင်လေးကို ကြည့်မိတော့...
ကော်ဖီခွက်ကို ဆုပ်ကိုင်ထားတဲ့ လက်တွေက တင်းတင်းကြပ်ကြပ်။ပြုံးသည် ။ ရိပေါ် က နာနာကျင်ကျင် နဲ့ ကို ပြုံးနေသည်။ မျက်ရည် မကျအောင် အံကြိတ်ကာ
ထိန်းထားပုံပင် ။ရုတ်တရက် လုပ်လိုက်သည့် ကောင်လေးရဲ့ အပြုအမူ က ရှောင်ကျန့်ကို အထိတ်တလန့်
ဖြစ်စေသည်။
YOU ARE READING
ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )
Fanfiction- အတိတ်မှတ်ဉာဏ်တွေကို ပြန်တူးဖော်ကြည့်တဲ့အခါ.. မင်းက ငါ့ရဲ့အလှပဆုံးသော နာကျင်မှု့လေးအဖြစ် စွဲထင်ကျန်ရစ်ခဲ့တယ်။ - BJYX BURMESE FANFICTION Genre _ Drama, seme asshole, possessive, Deep- feeling Sᴛᴀʀᴛᴇᴅ • 10 - 12 - 2021 Eɴᴅᴇᴅ • 24 - 2 - 2022