|| 28 ||

6.1K 502 14
                                    

# U & Z

" နောင်တ မရှိပါဘူး ။ ရှင်သန်နေထိုင်ခဲ့ရတဲ့ လူ့ဘဝတိုတိုလေးမှာ မင်းနဲ့ တွေ့ဆုံခွင့်ရခဲ့တာဟာ ကိုယ့်အတွက်ကတော့ အကောင်းမွန်ဆုံး ဆုလာဒ်တစ်ခုပါဘဲ ။ "

~~~~~~~~~~~~~~~~~

ပျက်ကွက်ထားသည့် အလုပ်တွေကို ကိုယ်တိုင်
ကိုယ်ကျ လုပ်နေရသည်မို့ထူထဲလှသည့် ဖိုင်တွဲတွေကြားထဲ ရှောင်ကျန့် ခေါင်းစိုက်နေရသည်။

ရိရန်ကတော့ ပြောရှာပါတယ် သူလည်းကူပြီး
လုပ်ပေးပါ့မယ်တဲ့။

ဒါပေမဲ့ရှောင်ကျန့်မှာ သူ့အလုပ်သမားကိုပင်
အားနာနေရသည်။

အလုပ်နဲ့ မဆိုင်တဲ့သူ့ personal case တွေကြောင့်အလုပ်ထဲ အာရုံမရောက်တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ ။

ရိရန်က ရှောင်ကျန့်အား နားလည်ပေးကာ အစစအရာရာ ကူညီပေးတတ်တာမို့သာ ပြစ်ထားတဲ့အချိန်အတွင်းcomapny က ပုံမှန်အတိုင်း လည်ပတ်နေတာ ဖြစ်သည်။

အလုပ်တွေ အကုန်ပြီးကာမှ ဝန်ထမ်းတွေကြည့်မိတော့ ဝန်ထမ်းတွေ တစ်​ယောက်မှ မရှိကြတော့။

မှောင်မည်းနေသည့် ရုံးခန်းကျယ်ကြီးက အနည်းငယ်တော့ ထိတ်လန့်စရာ ကောင်းနေသည်။

ခုံနောက်က coat ကို ယူကာ macbook ကို leather
လက်ဆွဲအိတ်ထဲ ထည့်လိုက်ပြီး အခန်းမီးကို ပိတ်လိုက်တယ်။

အပြင်က မီးကို ဖွင့်ထားတာမို့ သိပ်တော့
စိုးထိတ်စရာမရှိ။

မီး တွေနဲ့ တံခါးတွေ ပိတ်မပိတ်ကို လုံခြုံရေး ဦးလေးကြီးတွေ လာစစ်နေကျမို့ဒီအတိုင်းပဲ ဖွင့်ထားခဲ့လိုက်သည်။

သူ့ကိုပြုံးပြကာ ဝင်ပေါက်ရှေ့ ရပ်နေတဲ့ secretary
ကို ပြန်ပြုံးပြလိုက်ကာ သူ့ခြေလှမ်းတွေက
ကားပါကင်ဆီ ။

ကားတံခါးကို ဖွင့်ဖို့ လုပ်လိုက်စဥ်မှာပဲ နှာခေါင်းဝပေါ် ရောက်လာတဲ့ ပုဝါစနဲ့ ခပ်စူးစူး အနံ ။

ရုန်းကန်သည်။

ရှောင်ကျန့် ရှိသမျှ အားကုန်ရုန်းကန်ပေမဲ့ သူ့မျက်ခွံတွေ လေးလံလာသည်။ ကမ္ဘာ့ အလေးပင်ဆုံး
သံတုံးကြီးတစ်တုံးကို ဆွဲထားရသလို ။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now