# U & Z
❝ နာကျင်ရတဲ့ အချစ်ကို နှလုံးသားတစ်ခုလုံး
သွေးစိမ်းရှင်ရှင်အကျခံပြီး ရွှေးချယ်မယ့်အစား
လွှတ်ချတတ်ဖို့ ကြိုးစားကြည့်ပါ ။
ခက်ခဲမယ်ဆိုပေမဲ့ နေတတ်သွားတဲ့တစ်နေ့တော့
မင်း အရင်ကထက်လွတ်လပ်
ပျော်ရွှင်သွားရမှာပါ ။ ❞~~~~~~~~~~~~~~~
အကယ်၍ ထိုနေ့က Lium သာ
ရောက်မလာခဲ့ရင် ရှောင်ကျန့် ဆိုတာ
လူမသိသူမသိ အခန်းထဲ
ပျောက်ကွယ်သွားရမည်ထင်သည်။စိတ်အတက်အကျလွယ်တဲ့သူ့စိတ်ကြောင့်
ဒီနှစ်တွေအတွင်း sucide
ကိုဘယ်နှစ်ကြိမ်တောင် လုပ်ခဲ့မိသလဲ ။ရှောင်ကျန့်က တကယ် ရူးနေပြီထင်ပါရဲ့။
Lium အမေက Nurse လုပ်ခဲ့ဖူးတာမို့ Lium က
ရှေးဦးသူနာပြုနည်းလောက်ကတော့
နောကျေနေပြီဖြစ်တယ် ။ထိုနေ့ကလည်း သွေးတိတ်အောင်
Lium ကိုယ်တိုင်ပဲ လုပ်ပေးခဲ့တာဖြစ်သည်ငါ့ရဲ့ တစ်ဖတ်သတ် အချစ်တွေက
ရပ်တန့်ပြစ်လိုက်ချိန်တန်ပြီ ထင်ပါရဲ့ ဝမ် ။အချိန်တန် ကိုယ့်ဆီကထွက်ခွာသွားမဲ့သူကို
အရူးလိုဆွဲထားမိတာ လွှတ်ချ ချိန်တန်ပါပြီ။ဆက်ပြီး မမိုက်မဲချင်တော့ဘူး ။ငါက
အချစ်ခံချင်ရုံလေးတင်ပါ ။ငယ်ငယ်တည်းက မေတ္တာငတ်ခဲ့ရတာမို့
ဘဝမှာ မေမေပြီးရင် ငါ့အပေါ် ပထမဆုံး
ကောင်းပေးခဲ့သူကို တွယ်တာမိခဲ့တာ
ငါသိပ်များမှားသွားသလား။မင်းကတော့ မှတ်မိမှာမဟုတ်ပေမဲ့
မင်းပေးထားခဲ့တဲ့ သကြားလုံးလေးကို
မစားရက်ဘဲ ခုထိ သိမ်းထားမိနေတုန်း ။
အဲ့နေ့က ငါမင်းကို ထီးမမိုးပေးခဲ့သင့်ဘူး ဝမ် ။အဲ့နေ့က ငါ...မင်းနဲ့ မဆုံတွေ့ခဲ့သင့်ဘူး ။
နာကျင်ခံစားရမဲ့ ရေစက်ဆိုးအစက
သိပ်ကိုလှပနေလွန်းခဲ့တော့ ငါ ရူးသွပ်ခဲ့မိတာပါ ။" Sean, condo ကို ရောက်ပြီ ။
ကိုယ်
အထဲကို လိုက်ပို့ပေးရအုံးမလား ။ "
YOU ARE READING
ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )
Fanfiction- အတိတ်မှတ်ဉာဏ်တွေကို ပြန်တူးဖော်ကြည့်တဲ့အခါ.. မင်းက ငါ့ရဲ့အလှပဆုံးသော နာကျင်မှု့လေးအဖြစ် စွဲထင်ကျန်ရစ်ခဲ့တယ်။ - BJYX BURMESE FANFICTION Genre _ Drama, seme asshole, possessive, Deep- feeling Sᴛᴀʀᴛᴇᴅ • 10 - 12 - 2021 Eɴᴅᴇᴅ • 24 - 2 - 2022