|| 35 || Epilogue

11.1K 461 52
                                    

# U & Z


" စောင့်ဆိုင်းခြင်းဆိုတဲ့ စကားလုံးလေးကို
ကျွန်တော်သဘောကျမိတယ်။ နွေးထွေးလို့... တစ်စုံတစ်ယောက်က ကိုယ့်ဆီ တစ်ချိန်ချိန်တော့
ပြန်ရောက်လာမှာပါဆိုပြီး တွေးပြီး စောင့်ဆိုင်းနေရခြင်းတွေက ရင်ထဲ တသိမ့်သိမ့် ကြည်နူးစိတ်
ဖြစ်ပေါ်လာစေတယ်။ "

~~~~~~~~~~~~~~~~~~

Wang Yibo's POV

" ဦးဦး ရိပေါ် ။ သားဘောလုံးလေး ခေါင်မိုးပေါ်
တင်သွားလို့ ။ "

ရိပေါ်ရဲ့ အင်္ကျီ အနားစကို ကိုင်ကာနှုတ်ခမ်းလေး တစ်ဆူဆူနဲ့ပြောလာတဲ့ ခလေးငယ်။

ရိပေါ် သဘောတကျ ရယ်လိုက်မိတယ်။ တကယ်ကို ကလေးတွေ ဘဝက အဖြူစင်ဆုံးပါပဲ။

ရိပေါ် သရက်ပင် ခပ်အုပ်အုပ် ဘေးနားမှာ ထောင်ထားတဲ့ ခပ်ရှည်ရှည် ဝါးလုံးချူတံကို ယူပြီး
ဂေဟာ ခေါင်မိုးပေါ်တင်သွားတဲ့ ဘောလုံးကို ဆွဲယူလိုက်တော့ လိမ့်ကျလာလေသည် ။

" ကျေးဇူးပါ ။ ဦးဦး ရိပေါ် ။ "

" လိမ္မာလိုက်တာ... ။ နောက်ကျ ဦးက မုန့်တွေ
အများကြီး ဝယ်ကျွေးရမယ်။ "

ဘောလုံးရသွားတာနဲ့ ထိုကလေးငယ်က
လုံးတုတ်လုံးတုတ် နဲ့ သူ့သူငယ်ချင်းတွေ ဆီ
ပြေးသွားလေသည်။

ဂေဟာထဲ ရောက်တော့ ဦးလေး ရန် က သူ့ကို
အနီးနားက ထိုင်ခုံမှာထိုင်စေကာ

" ဂေဟာက ခလေးတွေက မိဘမဲ့တွေ ဆိုပေမဲ့ အတော်တော့စည်းလုံးကြတယ်။ ရန်ဖြစ်တာတွေ
ဘာတွေဆိုလည်း ခပ်ရှားရှားဘဲ ။ အငယ်ကလေးတွေ သာ တစ်ခါတစ်လေ အရုပ်တွေဘာတွေလုရင်း
ဖြစ်ကြတာများတယ်။ သနားစရာပဲ။ ဒီလို ခလေးတွေကို လူစိတ်ရှိတဲ့ လူတွေနဲ့ တွေ့ရင် ဖြေသာပေမဲ့
မတော်လို့ မကောင်းတဲ့ လူတွေနဲ့သာ တွေ့ခဲ့ရင်.. ဟူး ... ခလေးတွေရဲ့ အနာဂါတ်က မတွေးရဲစရာပဲ ။ "

ဦးလေးရန်က သူ့ဘာသူ တစ်ယောက်တည်းပြောရင်း
သက်ပြင်းတစ်ချချနှင့် ။

" ဦးလေးရန် ခလေးတွေအတွက် လိုအပ်တာ ရှိရင် ကျွန်တော့်ကို အားနာစရာမလိုပါဘူး။လာသာပြောပါ... ကျွန်တော် လုပ်ပေးနိုင်တာမှန်သမျှ ကူညီ ဆောင်ရွက်ပေးပါ့မယ်။ "

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now