|| 27 ||

7K 486 14
                                    

# U & Z

" ​နောင်တ.... သိပ်ကြောက်စရာကောင်းတဲ့ စကားစုလေးပါပဲ ။ အမြဲတမ်း အနားမှာ ရှိနေမယ်လို့ ယုံကြည်ခဲ့တာမို့ အများကြီး အနိုင်ယူခဲ့မိတယ်။ တဖြည်းဖြည်းနဲ့ ဝေးကွာလာကြရင်း သူဟာ ကျွန်တော် ဖမ်းဆုပ်ခွင့်မရှိနိုင်တော့တဲ့ အကွာအဝေးတစ်ခုကို ရောက်ရှိသွားတယ်။ "

~~~~~~~~~~~~~~~~~~

ရိပေါ် ဒီနေ့ ရှောင်ကျန့်ကို ရှင်းပြဖို့ သူ့ကွန်ဒိုအောက်ကို ရောက်နေတာ ဖြစ်သည်။

မှန်သည် ။

ကို့ကို့အတွက် ထိုလူ့အနား ရောက်လာခဲ့တာ မှန်ပေမဲ့ အမှန်တကယ်..ရိပေါ် ထိုလူကို ချစ်မိသွားတာ ။

ချစ်မိသွားအောင် လုပ်ပြီးရင် တာဝန်ယူတတ်ရမှာပေါ့ ရှောင်ကျန့် ။

ခင်ဗျားကြောင့်ထိန်းမနိုင်သိမ်းမရ ခုန်နေတဲ့ ကျုပ်ရင်ခုန်သံတွေကို ပိုင်ရှငိဖြစ်တဲ့ ခင်ဗျားက ထိန်းကျောင်းပေးသင့်တယ်မဟုတ်လား ။

ဟော...ဆင်းလာပါပြီ ။

formal suit အပြည့်အစုံနဲ့ ထိုလူက မျက်စိမလွှဲချင်
လောက်အောင်soft ဖြစ်လွန်းနေသည်။

ဒါပေမဲ့ သူ့ဆီကို အကြည့်တစ်ချက်သာ ရောက်လာပြီး ချက်ချင်း မျက်နှာလွဲဲပြစ်သည်။

ကားစက်ဖုံးပေါ် ထိုင်နေတဲ့သူ့ကို ဂရုမစိုက်သည့်အလားကားတံခါးကို ဆွဲဖွင့်သည်။

ဘာအချိုးလဲ... ရှောင်း ရှောင်ကျန့်

အဆုံးထိ မသိချင်ယောင်ဆောင်သွားမယ်ပေါ့ ။

" ရှောင်ကျန့် ကျုပ်ရှင်းပြတာ နားထောင် ။"

" အဟက်! မနေ့က မင်းကိုကို ငါ့ကို လုံလုံလောက်လောက် ရှင်းပြထားပြီးပါပြီ ။ ဘာကို ထပ်ရှင်းချင်နေသေးတာလဲ ။sry ပဲ ဝမ်ရိပေါ် ။ ငါ အလုပ်သွား
မလို့မင်းလက်ကို ဖြုတ်ပေးပါ ။ "

ရုန်းသည် ။

ခနဲ့တဲ့တဲ့ စကားကို ပြောကာ ရှောင်ကျန့် က
အားပြင်းပြင်းနဲ့သူ့လက်ကို ဆောင့်ရုန်းသည်။

ကားတံခါးကို lock ချကာ မောင်းထွက်ဖို့ပြင်သည်။

ရိပေါ် ကားရှေ့မှာ ပိတ်ရပ်လိုက်တယ်။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now