|| 9 ||

5.9K 518 9
                                    

# U & Z

ဆေးရုံမှာရှိနေတဲ့
တစ်ပတ်လုံး စာတိုတစ်ကြောင်းပင်
ရောက်မလာခဲ့တဲ့ ဖုန်းလေးကိုကြည့်ပြီး
ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည် ။

တစ်နေ့ကို အကြောင်း
တစ်ရာပင်မကသော
ရှောင်ကျန့်ရဲ့ message box က
စာတိုလေးတွေက တော့
လျစ်လျူရှု့ခံရစမြဲ ။

တုန်ယင်နေတဲ့ လက်တွေနဲ့
ခပ်သွက်သွက်ပဲ စာတိုတစ်ကြောင်းကို
အမြန်ရိုက်လိုက်တယ်။

" ကိုယ့်ကို စိတ်မပူနဲ့တော့နော် ။
ဆေးရုံဆင်း
ရတော့မှာမို့ ဝမ် မလာလည်း
ရပါတယ် ။ နေကောင်းနေပြီး
ကျန်းမာရေးဂရုစိုက်နော်။ "

" ညသန်းခေါင်ကြီးလည်း
စိတ်ရှုပ်လို့ဆိုပြီး ရေထမချိုးနဲ့နော်...
မင်းက အအေးမိလွယ်တယ်လေ
ဝမ် ရဲ့....။  ပြီးတော့ "

Keyboard ကို ခပ်မြန်မြန်ရိုက်နေတဲ့
ရှောင်ကျန့်ရဲ့ လက်တွေက
အတွေးတစ်ခုကြောင့်
ဆက်ရိုက်ရမလား
တွေဝေမိသွားပြန်တယ်။


" ကိုယ်မရှိလည်း မင်းဘေးမှာ....
သူရောက်လာပြီးပဲ.....
ကိုယ့်မှာ စိတ်ပူပေးခွင်​လေးတောင်
ရှိတော့ရဲ့လား ဝမ် ! "

Delete ကိုနှိပ်ကာ...
တစ်စုံတစ်ယောက်အတွက်
မလိုအပ်တဲ့ ဂရုစိုက်မှု့တွေကို
သူ့ရင်ထဲမှာပဲ
ခေါက်သိမ်းထားလိုက်တယ်။

အစစ်အမှန်တွေ ရောက်လာတဲ့အခါ
အစားထိုးခံတွေက
ထွက်ခွာသွားရစမြဲပါပဲ ။

မင်း အပေါ် ပေးအပ်ခဲ့သမျှ
ချစ်ခြင်းမေတ္တာတွေထဲ
အတုအယောင်ဆိုတာ
မြူတစ်မှုန်စာတောင် မပါဝင်ခဲ့ရိုး
အမှန်ပါ ဝမ် ။

ဒါကိုတော့ မင်းအကြွင်းမဲ့ ယုံကြည်ပေးပါ။

ရှောင်ကျန့်  ဆေးရုံမှာ ရှိနေတဲ့
တစ်ပတ်အတွင်း Lium က
လိုလေးသေးမရှိအောင် သွားတိုက်ဖို့
သွားပွတ်တိုက်တံ ထဲ
သွားတိုက်ဆေးကအစ
ထည့်ပေးထားတတ်တာမျိုး ။

အကောင်းကြီး ရှိနေတဲ့
သူ့လက်တွေကို ချုပ်ကာ
စွပ်ပြုတ်ကို သူကိုယ်တိုင် မှုတ်ပေးပြီး
တိုက်တတ်တာမျိုး ။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now