|| 21 ||

6.1K 522 77
                                    

# U & Z

" ဘဝမှာ ချစ်နေလျက်နဲ့ မပိုင်ဆိုင်ချင်တော့တဲ့ လူတစ်ယောက်ရှိဖူးတယ်။ ဆုပ်ကိုင်ထားရတာ နာကျင်လွန်းလို့ လွှတ်ချမိချိန်မှာ တောင် ရင်ထဲ အမြတ်တနိုး သိမ်းထားချင်မိတဲ့ ဒဏ်ရာလှလှလေးပေါ့ ။"

~~~~~~~~~~~~~~~~~~~~~~~

" ကိုကို "

Emergency room ရှေ့မှာ ဂနာမငြိမ်ဖြစ်နေတဲ့
ကိုကိုက
အတော်လေးကို စိုးရိမ်နေသည့်ပုံပင် ။

မာမီက ကျန်းမာရေး အခြေအနေကြောင့်
ဆေးရုံကို မလိုက်လာနိုင်သလို ၊ ကိုကို
တစ်ယောက်တည်း ဖြစ်နေတာကြောင့်ရော
သူမှာအပြေးထွက်လာရခြင်းပင်။

Auora လေးက အစားမှားသည်ဟု ပြောသည်။

ရက်လွန်နေတဲ့ နို့ဘူးကို သောက်လိုက်ခြင်း
ကြောင့်ပင်။

အိမ်ဖော်တွေရဲ့ ပေါ့ဆမှု့ကြောင့် ခလေးငယ်ငယ်
လေးက ဆေးရုံဆေးခန်းကို ​​​ရောက်နေရပြီ။


" အဟင့်! Leo, သမီးလေးကို ကယ်ပါအုံး ။
ငါ... ငါ မှားတာ သမီးလေးအနားမှာ
ရှိနေရမှာကို...။ အခုတော့ ငါကြောင့် သမီးလေးက "

" ကိုကို... အဲ့ဒါ ကို့ကို့ကြောင့်မှ မဟုတ်ဘဲ ။
ဘာလို့အဲ့လိုကြီး စိတ်စွဲနေရတာလဲ ။
အမှားလုပ်တဲ့ အိမ်ဖော်တွေကိုသာ အလုပ်ထုတ်
ပြစ်ရမှာ သောက်ဖြစ်မရှိဘူး ။ "

" အဟင့်! အင့် Leo, သမီးလေး သာတစ်ခုခု
ဖြစ်သွားရင်..."


ရှိုက် ရှိုက်ပြီး ငိုနေတာကြောင့်တုန်ရင်နေတဲ့ ကိုယ်လေးကို အသာဆွဲဖက်လိုက်တော့
သူ့ရင်ဘတ်တစ်ခုလုံး မျက်ရည်တွေရွှဲလို့ ။

မြင်ယောင်လာတာက သူ့ကို မျက်ဝန်းဗလာတွေနဲ့
ကြည့်ပြီး ငိုနေခဲ့တဲ့ ရှောင်ကျန့် ။

ရိပေါ်က တစ်ကိုယ်ကောင်းဆန်သည်။

အတ္တကြီးသည် ။

သူ့အပိုင်လို့ သတ်မှတ်ထားတဲ့
ဘယ်အရာမဆို သူကိုယ်၌က လွဲပြီး ဘယ်သူနဲ့မှ
ထိတွေ့တာမျိုးမကြိုက်။

မှားပြီးရင်း မှားနေပေမဲ့ ဒါတွေဟာ ခင်ဗျားကို
အဆုံးရှုံးမခံနိုင်လို့ဆိုတာ သိပေးပါ ရှောင်ကျန့် ။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now