|| 2 ||

7.1K 595 29
                                    

# U & Z





" Boss , ခုလုပ်မဲ့ project ရဲ့ ငွေစာရင်းပါ "

ရှောင်ကျန့်ရဲ့ အတွင်းရေးမှူး ရိရန်က ဖိုင်တွဲကို ပေးရင်း သူ့ ရဲ့ boss ကိုအကဲခတ်လိုက်တယ် ။

ဒီရက်ပိုင်းအတွင်း...  boss ကြည့်ရတာ
ဖြူဖတ်ဖြူရော် နဲ့ အမြဲလိုလို ငိုင်တွေ
နေတတ်သည် ။


" Boss.... Boss "

" အမ်...! ဪ... ရိရန်...sorry
ကိုယ်စိတ်လွင့်သွားလို့ ။  ဒါက ?  "

ခုံပေါ်က ဖိုင်တွဲအပြာကို ကြည့်ကာ
မေးလိုက်တော့....

" ဒီလ ဆောက်မယ့် ရှန်ဟိုင်းက project ရဲ့ ငွေစာရင်းပါ ၊ အကြမ်းဖျဥ်း တွက်ချက်ထားတာပါ ၊ ပစ္စည်းစျေးနှုန်း  အတက်အကျကတော့ စျေးကွက်အခြေအနေ ကြည့်ရပါအုံးမယ် boss"

" Ok, ဘာတင်ပြစရာ ရှိသေးလဲ "

" မရှိတော့ပါဘူး "

" ဒါဆို ကိုယ် စောစော
အလုပ်ဆင်းလိုက်မယ်၊ မင်းလည်း
အလုပ်တွေလက်စသတ်ပြီးရင်
ဆင်းလို့ရပြီ။  "

" ဟုတ်ကဲ့ boss "

ရှောင်ကျန့် ဘေးမှာ ချိတ်ထားတဲ့
ခဲရောင် coat ကို ယူပြီး ရုံးခန်းထဲကနေ ထွက်လာလိုက်တယ် ။

သူ့ကိုတွေ့တော့ ဝန်ထမ်းတွေက
တလေးတစား အရိုအသေပေးကြတယ် ။

" ဦးလေး ယန် ဒီနေ့ taxi နဲ့ ပြန်လိုက်ပါ ။
ကျနော် ကိုယ်တိုင်ပဲ မောင်းသွားလိုက်မယ် ဝင်စရာလေးရှိသေးလို့ "

save belt ကိုပတ်ကာ ကားကို မောင်းထွက်လာလိုက်တယ် ။ ဦးတည်ရာ ကတော့ ရှောင်း အိမ်တော် ဆီ..... ။

မရောက်တာ ကြာပြီဖြစ်တဲ့
အိမ်တော်ကြီးက သူထွက်လာခဲ့တုန်းက အတိုင်းပင် သစ်လွင်ပြီး ရှေးဟောင်း
ကနုတ်လက်ရာတွေနဲ့ ခြယ်သ
ထားတာကြောင့် မဟာဆန်နေသည် ။

ကားကို parking ထိုးလိုက်ကာ
ဒီအိမ်ကြီးကို နောက်တစ်ကြိမ်ခြေချလိုက်တော့ အတိတ်က အရိပ်ဆိုးတွေက မြင်လွှာထဲ တန်းစီပြီးရောက်လာလေသည် ။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now