||33 ||

6K 461 12
                                    

# U & Z

" ပိုင်ဆိုင်သမျှ ချစ်ခြင်းမေတ္တာတွေ အကုန် မင်းဆီ ပေးအပ်ခဲ့ပြီးပြီမို့ ကိုယ့်ဆီမှာ ကျန်ခဲ့တာက အခွံသက်သက် နှလုံးသားတစ်စုံပါ ။ "

# Xiao Zhan's POV ( Jewel - မချစ်ချင်တော့ပြီ)


~~~~~~~~~~~~~~~~~~~

" အင်းပါ ။ ငါအဆင်ပြေပါတယ်။ နောက်ကြောင်းမအေး မဖြစ်နဲ့ ။ မင်း daddy ကိုသာ သေချာလေး ဂရုစိုက်ပေးလိုက် ။ ဒါဆို ဒါပဲနော် Lium ။
အင်း... အင်း... Bye Bye "

ဖုန်းကိုချလိုက်ကာ ရှောင်ကျန့် အချိန်ကို
ကြည့်လိုက်တော့ 10:20 ။ မကြည့်ပါဘူးလို့တင်းခံထားသည့်ကြားမှ သူ့အကြည့်တွေက အောက်ဘက်က တစ်စုံတစ်ယောက်စီ ရောက်ရှိသွားမိသည်။

ဒီလောက် အေးနေတဲ့ ရာသီဥတုမှာ... T -shirt အပါး တစ်ထည်ကိုသာ ဝတ်ဆင်ထားတဲ့ သူက
ရှောင်ကျန့်ကို ဘာဖြစ်စေချင်ပြန်တာလဲ ။

ညနေက ရှောင်ကျန့် နေတဲ့ တိုက်ခန်းဆီရောက်ချလာကာ အတင်းတွေ့ဖို့ တောင်းဆိုသည် ။ ငြင်းတော့...
မလာမချင်း စောင့်နေပါ့မယ်ဆိုပြီး တိုက်ခန်းရှေ့ သောင်တင်နေတာဖြစ်သည်။

ဆေးလိပ်တစ်လိပ် ယူကာ ရှောင်ကျန့်ရှိရာ တိုက်ခန်းကို မျက်နှာမူပြီး တစ်ချက်ရှိုက်ဖွာသည် ။ မုန်းလိုက်တာ... ဝမ်ရိပေါ်က ရှောင်ကျန့် မကြိုက်တဲ့ အရာတွေဆို ခုချိန်ထိ တခုတ်တရ လုပ်နေတုန်းပဲ ။

တောင်းပန်ပါတယ်။ ကိုယ်မင်းကို ထပ်တွေ့နိုင်မယ်မထင်ဘူး ရိပေါ် ။ အသည်းမာတယ်လို့ ဆိုစေအုံးတော့ တကယ်ကို... ကိုယ် မင်းအပေါ် ထပ်ပြီး မယုံကြည်ချင်တော့ဘူး ။

နာကျင့်သင့်တာထက်ပိုပြီး နာကျင်ခံစားရပြီးပြီမို့... ပြန်လည်ရှင်သန်လာတဲ့ ကိုယ့်နှလုံးသားအခြေအနေက ခပ်ယဲ့ယဲ့ ရယ်ပါ ။

ဥပေက္ခာပြုပါရစေတော့ ။

မင်းကို ချစ်နေရင်တောင်... သေချာပေါက်... မင်းဟာ ကိုယ့်ရွေးချယ်မှု့ ထပ်မဖြစ်နိုင်တော့ဘူး ရိပေါ် ။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now