# U & Z
" ဝင်လာပါလို့ ကိုယ် ဖိတ်မခေါ်ခဲ့သလို ၊ ပြန်ပါတော့ဆိုပြီး ဘယ်သောအခါကမှ နှင်မလွှတ်ခဲ့ဖူးပါဘူး ။ အရာရာဟာ မင်းဆုံးဖြတ်ချက်နဲ့မင်း ကိုယ့်ကိုကျောခိုင်းပြစ်ခဲ့တာပါ ။ "
~~~~~~~~~~~~~~~~~~
" ငါ့လက်ကို လွှတ်စမ်း ရှောင်း ရှောင်ဟန် "
Toliet မရောက်ခင် Noel လက်ကို လှမ်းဆွဲလိုက်တဲ့ Lium။
အစတည်းက သိပြီးသားပဲ ရှောင်ဟန် သူ့နောက်လိုက်လာမယ်ဆိုတာကို.. ငါးစာ ချပေးလိုက်တာပါပဲ။
" မင်း... Noel ဟုတ်တယ်မလား ။ "
" မတွေ့ရတာ ကြာပြီပဲရှောင်းရှောင်ဟန် ၊ အာ...
မှားလို့ အခုဆို... ရှောင်း လုပ်ငန်းစုရဲ့CEO
အလောင်းအလျာလေးပေါ့...အဟက်! "Noel သူ့ရှေ့က လူကို ကြည့်ကာ နာနာကျင်ကျင်
ပြုံးမိလိုက်တယ်။ခက်တယ် ။
အခုထိ ငါ့အပေါ်မကောင်းတဲ့ မင်းကို စိတ်က
ယိုင်ချင်နေတုန်းပဲ ။" ကိုကို့ လက်ကို လွှတ်လိုက် ရှောင်းရှောင်ဟန် "
ပြောရင်းပင် တစ်ဆက်တည်း Noel လက်ကို
ဆုပ်ကိုင်ထားတဲ့ ရှောင်ဟန်လက်တွေကို
အကြမ်းပတမ်း ဖြုတ်ချလိုက်သည်။ထိုလူ ကိုကို့နောက် လိုက်သွားကတည်းက
မသက်ာတာမို့ နောက်က လိုက်လာတာ
မှန်သွားတာပေါ့ ။" ဝမ်ရိပေါ်... အဟက် ဘယ်လိုတောင် ရေစက်လည်း
ငါလည်း မင်းနဲ့ စာရင်းရှင်းစရာလေးတွေ
ရှိသေးတော့ ။ "" စာရင်းရှင်းစရာ... ပြောချင်းပြော
ငါ့ဘက်ကနေ ပြောရမှာ မဟုတ်ဘူးလား ။ "ကိုကို့ ကို နောက်ကျောဘက်ကို ပို့လိုက်ကာ ဒီနေ့
ထိုကိစ္စတွေကို အပြီးအပြတ်ပြောဖို့ပြင်ထားသည်။" မင်းနဲ့ Noel နဲ့က..."
ရိပေါ့် ပါးစပ်ဖျားတွင် ပျောက်ရှနေသည့် စကားတွေ။
အရင်က စိတ်နဲ့ဆို အသာအယာပြန်ဖြေနိုင်ပေမဲ့
ခုတော့...သူစိတ်ထဲ ရည်စူးပြီးသူ ရှိနေနှင့်ပြီပဲ ။
YOU ARE READING
ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )
Fanfic- အတိတ်မှတ်ဉာဏ်တွေကို ပြန်တူးဖော်ကြည့်တဲ့အခါ.. မင်းက ငါ့ရဲ့အလှပဆုံးသော နာကျင်မှု့လေးအဖြစ် စွဲထင်ကျန်ရစ်ခဲ့တယ်။ - BJYX BURMESE FANFICTION Genre _ Drama, seme asshole, possessive, Deep- feeling Sᴛᴀʀᴛᴇᴅ • 10 - 12 - 2021 Eɴᴅᴇᴅ • 24 - 2 - 2022