|| 15 ||

5.9K 459 51
                                    

#  U & Z

❝   ဆက်ဆံ​ရေး တစ်ခုမှာမပြတ်စဲ​အောင်လို့
ကိုယ်ဘက်ကနေ မြဲအောင် ဆွဲထားရတာ
အရာအရာကို သည်းခံပြီး တစ်ဖက်သတ်
ချည်နှောင်ခဲ့ရတာ... သိပ်ပင်ပန်းလာတဲ့အခါ
လွှတ်ချတတ်ဖို့ကိုလည်း ငါတို့သင်ယူခဲ့သင့်တယ်။
တစ်ခါတစ်လေမှာ စွန့်လွှတ်ရခြင်းကလည်း
ချစ်ခြင်း မည်ပါတယ်။  ❞

~~~~~~~~~~~~~~~~~~~~


" ဖြောင်း "

" သေစမ်း... နင် ။
စောက်ကျိုးမပေးတဲ့ ခလေး။
အငယ်အနှောင်း သားကို
အသိအမှတ်ပြုပေးတဲ့ ငါ့လို
မိန်းမမျိုးကိုတောင်
နင်က ရှိခိုးမတက် ငါ့ကို
ကျေးဇူးတင်နေရမှာ။ "

" အလကား တစ်စက်မှ သုံးစား
မရဘူး ။ အဲ့ပန်းက နင့်ထက်
အပေါင်းများစွာ တန်ဖိုးရှိတယ်
စောက်ရှက်မရှိဘဲ သူများလင်ကို
ကြောင်တောင်နှိပ်ချင်တဲ့မယားငယ်မအတွက်ရာရာစစ နင့်က ငါ့ပန်းကို ခူးရဲ့တယ်ပေါ့
ဟုတ်လား ။ "

ဘုန်း !

ဘုန်း !

ရှောင်ကျန့် တစ်ကိုယ်လုံးကို
ထုရိုက်နေတဲ့ မေမေကြီးကြောင့် ရှောင်ကျန့်
မျက်ရည်မကျအောင်
အံကို တင်းတင်းကျိတ်ထားလိုက်မိတယ် ။

သူ့ကို
ဘယ်လောက်ထိ ​ဆဲရေးတိုင်းထွာ
နေပါစေ ခံနိုင်ပေမဲ့ ။

မေမေ ကိုတော့ ရိုင်းစိုင်းတဲ့ စကားလုံးလေး
တစ်လုံးနဲ့ပင် မတိုင်းထွာစေချင်။

မေမေ့စိတ်ရင်းကို ရှောင်ကျန့်က
အသိဆုံးမို့ ။

" ထွက်သွား ။ သွား ပြန်မလာခဲ့နဲ့ နင် ။
ငါ့အိမ်ကထွက်သွားမအေ နဲ့ တစ်ချိုးတည်းပဲ
နင်လဲ ဘာထူးမှာလဲ
ကြီးလာရင် သူများအပိုင်ကို ကြောင်တောင်နှိုက်တဲ့
ကောင်ပဲ ဖြစ်မှာ ။ မျိုးရိုးကိုက ။ "

" မရှိတော့တဲ့ မေမေ့က ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး ။
ကျွန်တော်ကြောင့် ဖြစ်တာမလား။
ကျွန်တော့်ကိုပဲ ထုပါ ။ ရိုက်ပါ ။
မေမေကြီး ဆဲချင်သလိုဆဲလို့ရတယ်။
မေမေ့ကိုတော့မပြောပါနဲ့ ။ "

ဖြန်း !

ဖြန်း !

" နင်ကများ ငါ့ကို
ပြန်ခံပြောရဲသေးတယ် ။ကျွေးမွေးလာတဲ့
ကျေးဇူးကိုမှမထောက် ။ မျိုးမစစ်ကောင် ။ "

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now