|| 7 ||

5.6K 507 17
                                    

# U & Z

Sean ကို မနေ့က တွေ့ပြီးကတည်းက
မမြင်ရတော့တာဖြစ်သည်။

သူမသိခဲ့ဘူး ။

Sean မှာ ပိုင်ရှင်ရှိနေမယ်လို့ ။

သူအနည်းငယ် ရဲတင်းမိသွားတာ ။

မတွေ့တာကြာပေမဲ့ အလွမ်းစိတ်က
တစ်နေ့မှ လျှော့သွားတယ်လို့မရှိခဲ့
လွမ်းတယ်... ပိုပြီး လွမ်းတယ်...
မတွေ့ရတဲ့ နှစ်နှစ်အတွင်းမှာ
Sean က ပိုပြီး လှလာသည်။

ယောကျာ်းလေးတစ်ယောက်ဖြစ်ပေမဲ့ မိန်းကလေးတွေ ရှုံးလောက်အောင်
ချစ်စရာကောင်းလွန်းနေတဲ့
ချစ်ရသူကြောင့် သ်ူ့စိတ်တွေ
ခဏတာလွတ်ထွက်သွားမိတာ ။

မနေ့က အထိုးခံလိုက် သူပေမဲ့ ၊
Sean ကို အကြမ်းပတမ်း ခေါ်သွားတဲ့
ထိုကောင်လေးပုံစံကိုကြည့်ကာ
Lium ရင်ထဲ ရတက်မအေး။

Sean ကောင်လေးက နည်းနည်း
possessive ဖြစ်တဲ့ ဘက်ကို
ရောက်တဲ့ type မျိုးထင်တယ် ။

မနေ့က ဖြစ်သွားတဲ့
အဖြစ်အပျက်ကိုပဲ
ကြည့်ပါလား ။

မင်းပျော်နေတယ်မလား Sean....
မင်းပျော်ဖို့က အဓိက ကျတာပါ ။

အရေးမပါတဲ့ ငါ့ရဲ့
ခံစားချက်တွေကို တော့အရင်ကလို
မင်းသဘောကျ
သိမ်းဆည်းထားလိုက်ပါ့မယ်။

မနေ့ညက CCTV record အရ
Sean ကွန်ဒိုက
ထိုကောင်လေးထွက်သွားပြီးကတည်းက Sean က ထွက်လာခြင်းမရှိပေ ။

ရေးကြီးသုတ်ပျာ ထွက်သွားတဲ့
Sean ရဲ့ bf က ဘာတွေများ အဲ့လောက် အရေးကြီးနေရတာလဲ သူမသိ ။

မျက်နှာက ဒဏ်ရာဒဏ်ချက်တွေကို မေ့လျော့ကာ mask နဲ့ တစ်ကိုယ်လုံး
အနက်ကို ဝတ်လိုက်ကာ
ဦးထုပ်ကို ခပ်ငိုက်ငိိုက်
ဆောင်းထားလိုက်သည်။

ကားသော့ကို ဆွဲယူကာ
သူ့ဦးတည်ရာက
တစ်ဖက်သတ်ချစ်ရသူလေးဆီ ။

LET ME DOWN SLOWLY

" မာမီ! "

ကားကို ဆင်ဝင်အောက်မှာ
အကြမ်းပတမ်းရပ်ချကာ
သူမနာမည်ကို တကြော်ကြော်
အော်ခေါ်နေတဲ့ သားဖြစ်သူကြောင့်
Rose Wang
ခေါင်းခါလိုက်မိသည် ။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now