|| 24 ||

5.9K 525 21
                                    

#  U & Z

" ယာယီ ခဏတဖြတ် လာခိုလှုံသွားတဲ့ သူစိမ်းကို ဘဝကြီးတစ်ခုလုံး ပုံအောပြီး ချစ်ခဲ့မိတဲ့ ကိုယ်က မှားခဲ့တာ ။ အချိန်တန်ရင် ဒီရင်ကို စုံကန်ပြီး နင်းခြေသွားမှာသိသိရက်နဲ့ မိုက်မိုက်မဲမဲ ရူးသွပ်ခဲ့မိတာ။ "

~~~~~~~~~~~~~~~~~~~~~~~~


Lium ကို airport ထိ လိုက်ပို့ပြီးရှောင်ကျန့်တစ်ယောက်တည်း ကားမောင်းပြန်လာခဲ့တယ်။

အနားမှာ အမြဲရှိနေပေးနေကျသူ မရှိတော့လည်း
စိတ်ထဲ ဟာတာတာကြီး ဖြစ်လို့ ။

ဝမ်ရိပေါ်ရော.... တွေးမိစရာမလိုလောက်အောင်
ဝမ်ရိပေါ်က သူချစ်ရသူနဲ့ ပျော်နေမှာပေါ့ ။

ငါကသာ နာကျင်ရတဲ့အချစ်ကို တစ်ဖက်သတ်
ဆွဲကိုင်ပြီး လက်မလွှတ်နိုင်ဖြစ်နေတာ ။

ပြန်မလာပါနဲ့ ပြီးတော့ မချစ်ဘဲနဲ့ ငါ့ကိုလည်း
ဆက်ဆွဲမထားပါနဲ့ ။

အလိမ်အညာစကားတွေအောက်နောက်တစ်ကြိမ်
ထပ်မပျော်ဝင်ချင်တော့လို့။


" I have died everyday, waiting for you
Darling, don't be afraid, I have loved you for
a thousand yearsI'll love you for a thousand more "

dashboard ပေါ် တင်ထားတဲ့ ဖုန်းမြည်သံကြောင့်
conatnat name ကိုကြည့်လိုက်တော့

" ခွေးကောင်လေး ရှောင်ဟန် " 🐶 ။

📲  " hello, ရှောင်ဟန် ငါအခုပဲ မင်းကို ဖုန်းဆက်မလို့
စဥ်းစားနေတာ။ "

( " ဟုတ်လား ။ ကျွန်တော်က ပိုပြီး အကြံဦးသွားတာပေါ့ ။ ")

" မင်းအားရင် ' Twilight ' ကို ခဏလာခဲ့ပါလား ။
ပြောစရာလေးရှိလို့။ "

( " အားပါတယ် ။ ကျွန်တော်လည်း ကျန့်ကို
တွေ့ချင်နေတာနဲ့အတော်ပဲပေါ့။ ")

" bye bye, ဒါဆို အဲ့မှာ တွေ့မယ်နော် ။ငါကားမောင်းနေတာမို့ ပြောရမှာအဆင်မပြေလို့။" 📱

~~~~~~~~~~~~~~~~~~~~

Twilight _ Cafe

" မင်းကြိုရောက်နေတာလား ရှောင်ဟန် ။ "

ရှောင်ကျန့် ဆိုင်ထဲ ဝင်ဝင်လာခြင်း ဟိုကဲ ဒီကဲ ကြည့်လိုက်တော့​ဆိုင်ရဲ့ ချောင်ကျတဲ့ အနောက်ဝိုင်းမှာ ထိုင်နေတဲ့ ရှောင်ဟန်ကို မြင် လိုက်ရသည်။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now