|| 29 ||

6.4K 508 23
                                    

#  U & Z

" အချစ်ရေ ... တခုတ်တရ စိုက်ပျိုးထားမိတဲ့
အဝါရောင် နေကြာပန်းတွေ... ကို မင်းမြတ်နိုးပေးပါ့မလား။ အတ္တမပါတဲ့ နေကြာပန်းငယ် ရဲ့ ချစ်ခြင်းမေတ္တာလိုဘဲ ကိုယ်ဟာလဲ နေကြာတွေ နေမင်းကြီးကို ငေးကြည့်နေရသလို... ကိုယ်ဟာလည်း မင်းမျက်နှာလေးကို ငေးမောခွင့်ရနေရုံနဲ့တင် အရာရာကို
ရောင့်ရဲတင်းတိမ်နိုင်ပါတယ်။ "

~~~~~~~~~~~~~~~~~~~~

" အားစ်... ဟစ့်.. "

အိမ်မက်ဆိုးတွေကြောင့် ရိပေါ် အိပ်ရာကနေ
နိုးလာရသည်။

​ပုံမှန် အိမ်မက်တွေဆို စိတ်ထဲ ဘာမှ မခံစားရပေမဲ့...
ခုအိမ်မက်က ထူးဆန်းသည်။

ရှောင်ကျန့် ။

ရှောင်ကျန့်က မျက်ရည်တွေနဲ့...ပြီးတော့ တစ်ကိုယ်လုံး သွေးရောင်လွှမ်းလို့။

ရိပေါ် ဖမ်းဆုပ်ဖို့ကြိုးစားပေမဲ့ မမှီနိုင်။

တဖြည်းဖြည်းဝေးကွာသွားတဲ့ သွေးစွန်းနေတဲ့
ပုံရိပ်ငယ်လေး ။

တဆစ်ဆစ်အောင့်လာသည့် ရင်ဘတ် ။

အရာအားလုံးကို အစက ပြန်ပြင်ဆင်ချိန်
လေးတော့ ပေးသင့်တယ်မလား ။

ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် ရှောင်ကျန့် ခွင့်လွှတ်သည်ထိ
သူ့မာနတွေ ၊ သိက္ခာတွေ ချနင်းခံရပါစေ...
ဒူးထောက်ပြီးဖြစ်ဖြစ် တောင်းပန်ချင်သေးတယ်။

ကျေးဇူးပြုပြီးအခွင့်အရေးလေး ရှိနေပေးပါ။

စာပွဲပေါ်က နာရီကို ကြည့်မိတော့ နာရီလက်တံလေးက 3: 30 တိတိ ။

ရေကရားထဲကနေ ရေတစ်ခွက် ဌဲကာ
သောက်လိုက်ကာမှ စိတ်က နည်းနည်းငြိမ်သွားရသည်။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now