🌎 Part 1 🌎

5.6K 152 0
                                    

##Unicode

မြို့လေး၏ ဆောင်းနံနက်အချိန်တွင် ထူပိန်းနေသောမြူနှင်းများကြားမှ အနွေးဓာတ်ပေးရန် သူရိန်နေမင်းကြီး ထွက်ပေါ်နေပြီဖြစ်ပါသော်လည်း အအေးဓာတ်ကတော့ရှိနေဆဲပင်။

လမ်းပန်းဆက်သွယ်ရေးအချက်အချာကျသော ရွှေထီလာဟုခေါ်မိတ္ထီလာမြို့လေး၏ ဆောင်းနံနက်သည် ဆိုင်ကယ်သံ တတီတီဖြင့် အစပြုသည်ဟူ၍ ပြောရမည်ပင်။

စျေးသည်၊စျေး၀ယ်များ၊ရုံ၀န်ထမ်းမှအစ ကျောင်းသား၊ကျောင်းသူအဆုံး ဆိုင်ကယ်ဖြင့်သာအများဆုံး အသွားအလာပြုကြသောကြောင့်ပင်ဖြစ်သည်။

ဒီဇင်ဘာလဖြစ်၍ ထိုလတွင်စတင်ဖွင့်လစ်သော မိတ္ထီလာတက္ကသိုလ်သို့ ပညာရည်ဆည်းပူးရန် လာရောက်နေကျသော ကျောင်းသား၊ကျောင်းသူများမှာလဲ တဖွဲဖွဲနှင့် ရောက်ရှိနေကျပြီဖြစ်သည်။

အေးချမ်းလှသောဆောင်းနံနက်များအား အန်တုကာကျောင်းတက်နေကြသော ကျောင်းသားများလည်းရှိသလို ကျောင်းဖွင့်တာ တစ်ပတ်ပင်ပြည့်နေပြီဖြစ်ပါသော်လည်း ယခုချိန်ထိကျောင်းမရောက်သေးသော ကျောင်းသားများလည်းရှိနေသေး၏။

ဒီး.....ဒီး.....ဒီး....

ဒီး.....ဒီး.....ဒီး....

ဒီး.....ဒီး.....ဒီး....

တိတ်ဆိတ်နေသော အခန်းငယ်အတွင်း
ပျံ့လွင့်လာသော တဒီးဒီး vibrateသံအား နှစ်ယောက်အိပ်ခုတင်ကျယ်ကြီးပေါ်တွင် ​ဘယ်ဖက်ခြေတစ်ဖက်အားကွေး၍ ညာဖက်အားဆန့်ကာ မှောက်လျက်အိပ်နေသောသူသည် ခါးရှိစောင်ကိုပင် ခေါင်းထိဆွဲခြုံ၍ ဖုန်းသံအားလျစ်လျူရှု့ရန် ကြိုးစားနေသည်။

သို့သော်လည်း မကိုင်မချင်းဆက်ခါဆက်ခါမြည်နေသော တဒီးဒီးသံကြောင့် အိပ်၍မရတော့။ထို့ကြောင့်ပင် အသံလာရာဆီသို့ လက်လှန်းကာဖုန်းကိုရှာရသည်။ ဖုန်းကိုစမ်းမိသည်နှင့် ခေါ်ဆိုသူကိုကြည့်လိုက်တော့

"နေသူ ပြောကွာစောစောစီးစီး"

"မင်းဘစောပါလား ငါတို့ကျောင်းရောက်နေတာ ၈နာရီထဲက မင်းကိုစောင့်နေတာ အတန်းတောင်စလို့ပထမချိန်တောင်ပြီးတော့မယ် မလာဘူးလား နာရီလည်းကြည့်အုံး"

ကို့ ကမ္ဘာသစ် (ongoing)Where stories live. Discover now