Episode 4

712 99 4
                                    

Unicode

  ပြသနာပြီးကတည်းက ဟွန်းကကျွန်တော့်
အပေါ်ပိုဂရုစိုက်လာခဲ့တယ်
လက်က ဒဏ်ရာကလည်းသက်သာသွားပြီ
ဖြစ်ပေမယ့် ဟွန်းက company ကိုမသွားခိုင်းဘူး
အိမ်မှာသာနားနေခိုင်းတယ်
ညလည်း ဒီမှာပဲအိပ်တယ်
မနက်ခင်းတိုင်း ချစ်ရသူရဲ့မျက်နှာလေးကို
တစိမ့်စိမ့်ကြည့်ပြီးနိုးထလာရတဲ့ခံစားချက်က
တော်တော်လေးကို စိုပြေသည်
အကျင့်ပါသွားမှာလည်းစိုးရသေးသည်
တော်ကြာ ဟွန်း ဂရုမစိုက်တော့တဲ့အချိန်ပြန်ရောက်
သွားရင် ဒါတွေက နာကျင်စရာတွေ အဖြစ်
ပြောင်းလဲသွားမည်မဟုတ်လား
ဒီလိုသာ ဂရုစိုက်ခံရမယ်ဆို
ကျွန်တော် နောက်တစ်ခါ ဒဏ်ရာရမှာကို
လည်းကြောက်မနေတော့ပါ

" ကလေးရေ ဘာတွေလုပ်နေတာလဲ "

မနက်စာအတွက်လုံးပန်းနေရင်း
ဟွန်းအသံကြားတော့ နောက်ကို
တစ်ချက်လှည်ကြည့်လိုက်သည်
အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး
လက်ထိပ်ကို ကြယ်သီးကို တက်ရင်း
လှေကားပေါ်မှ ဆင်းလာတဲ့ဟွန်း
ကြည့်ကောင်းလိုက်တာ

" ဟွန်း ဘယ်သွားမလို့လဲ
ဒီနေ့ Sundayမဟုတ်ဘူးလား "

မနက်စာအတွက် နောက်ဘေးမီးဖိုချောင်မှာ
ပြင်ဆင်နေတဲ့ကောင်လေးရဲ့ခါးသွယ်သွယ်ကို
သွားဖတ်လိုက်ပြီး ဂုတ်‌လေးကို ဖွဖွနမ်းလိုက်တော့
ကိုယ်လုံးလေးတစ်ချက်တွန့်သွားသည်

" ယားတယ် "

ကောင်လေးရဲ့ ပခုံးပေါ်တွက် မေးဖျားတင်လိုက်ပြီး

" ဒီနေ့ Shen Group နဲ့meeting ရှိတယ် "

" ဟင် Sunday ကြီးကို meeting"

" မွေးနေတာပဲ "

" ပေါင်မုန့်မီးကင်ထားတဲ့
အနံက မွေးတယ်မလား ကျွန်တော်လည်း
သဘောကျတယ် "

" မဟုတ်ဘူး ကိုယ်သင်းနံကိုပြောတာ "

ပြောတာနဲ့တပြိုင်ချက် နီရဲလာတဲ့ပါးလုံးလုံးတွေကို
တစ်ချက်နမ်းလိုက်ပြီး ခါးသွယ်သွယ်လေးကို
ဒီထက်ပိုတင်းကြပ်စွားဖက်ထားလိုက်သည်

Night Blooming JasmineWhere stories live. Discover now