တစ်စစ်စစ်ကိုက်နေတဲ့အောက်ပိုင်းကနာကျင်မှု့ကို
လျစ်လျူရှု့ပြီး ဆောနူ ထလိုက်သည်
ခန္ဓာကိုယ်ပေါ် စမ်းကြည့်တော့
ညဝတ်အကျီ ။
ဒါဆို ဟွန်း သူကို့ ဝတ်ပေးထားတာပဲ
ရေချိုးခန်းထဲ ဝင်မယ်အလုပ်မှာ
ဟွန်းကို မတွေ့တာကြောင့် အောက်ထပ်မှာများ
ရှိနေမလား ဆိုပြီး ဆင်းကြည့်ရဦးမယ်အခန်းထဲထွက်ထွက်ချင်း သင်းနေတဲ့
ဟင်းအနံ့ ကြောင့် ဆောနူရဲ့စိတ်တွေ
ကြည့်လင်သွားတယ်ဟွန်း မနက်စာ လုပ်နေတာလား
အရင်ကဆို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်
ကျွန်တော့်ကို ထားသွားတတ်တဲ့ဟွန်းက
အခု သူ့အတွက် မနက်စာ တောင်
လုပ်ပေးနေသေးတယ် ။
တကယ်ပဲ မေတ္တာတွေရောင်ပြန်ဟက်တဲ့အချိန်
ရောက်လာပြီလား
တချိန်က ဒီလိုမျိုး အချိန်ရောက်ဖို့
ဆောနူ အများကြီးဆုတောင်းခဲ့တယ်
ဟွန်း ဆီက ဂရုစိုက်မှု့တွေရပါစေ ဆိုပြီး
အများကြီးဆုတောင်းနေခဲ့တာ
နောက်ပိုင်း ဟွန်း သူ့ကို ချစ်တဲ့ပြောလာတာတွေက
အရင်ကလို ပေါ့ပျက်ပျက်မဟုတ်တော့ဘူးဆိုတာ
သူရိပ်မိပါတယ်မီးဖိုချောင်မှာ သီချင်းလေးဆိုရင်း
ချက်ပြုတ်နေတဲ့ ချစ်ရတဲ့သူကိုကြည့်နေရတာ
အလှပဆုံး ပန်းချီကား တစ်ချက်လို" ဟာ ကလေး ဘာလိူ့ ဆင်းလာတာလဲ
လာလာ ဒီမှာထိုင် "ဆောနူရဲ့ ပါးဖောင်းလေးတွေမှာ
ပန်းနုရောင်လှိုင်းလေးဖြတ်သွားသည်
ဆောင်းဟွန်းက ကမန်းကတန်း ထိုင်ခုံကိုဆွဲကာ
ဆောနူအား ထိုင်စေတယ်" ကိုယ် ဆန်ပြုတ်လုပ်ထားတယ် "
ဆန်ပြုတ်ဆိုတဲ့အသံကြားတာနဲ့ နှုတ်ခမ်းဆူသွားတဲ့ သူ့ရှေ့က ကလေးကိုကြည့်ပြီး
ဆောင်းဟွန်းမှာ အသည်းတယားယား
စိတ်ရှိလက်ရှိ ပါးလေးကိုဆွဲလိုက်ချင်ပေမယ့်
ထိလိုက်တာနဲ့ကြွေသွားမယ့် ပန်းလေးလိုဆောနူ
ကြောင့် သူ့မှာ နာကျင်အောင်မလုပ်ရဲ" ဟွန်းးးး ကျွန်တော်မှမကြိုက်တာ "
ခုံဘေးနားမှာရပ်နေတဲ့ ဆောင်းဟွန်းရဲ့ ခါးတွေကို
လှမ်းဖက်လိုက်ပြီး ရင်ခွင်ကျယ်ကြီးထဲမှာ
မျက်နှာအပ်ကာ ဆောနူ ဆိုသည်
YOU ARE READING
Night Blooming Jasmine
FanfictionJasmine သို့မဟုတ် စိန်ဖလူး ပန်းငယ်လေးတွေရဲ့ မြေပြင်ပေါ် ကြွေကြရခြင်းမှာ သူတို့ သိပ်ချစ်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်တယ် ကျွန်တော်ဟာ Jasmine ပန်းလေးဆိုရင် ဟွန်းက နေရောင်ခြည်ပဲ