မာသာထံမှ ဆောနူရဲ့ မိသားစု အကြောင်းကြား
နားထောင်ပြီးကတည်းက စိတ်ကြည်မနေပါတချိန်ချိန်များ ဆောနူ သူ့မိသားစုနဲ့
ပြန်တွေ့ပြီး ကျွန်တော့်ကို ထားခဲ့ရင်
ရင်ကျိုးရမှာ။ ဒီဆုံးဖြတ်ချက်ဟာ
ဆောနူအတွက် မတရားဘူးဆိုတာ သိပေမယ့်
ကျွန်တော့်အတွက်တော့မှန်တယ်
သူ့ကိုပဲ အားကိုးရမယ်
သူ့ကိုပဲ ချစ်ရမယ်
သူ့တစ်မျက်နှာတည်းကိုပဲ ကြည့်ရမယ်
ဒါဟာဖြူစင်တဲ့ အတ္တတွေးနေတုန်း ချွေးသံ တရဲရဲ နဲ့ ပြေးလာတဲ့ ကလေး
" ဟွန်း.... ဘယ်တွေသွားနေတာလဲ
ကျွန်တော်လိုက်ရှာနေတာ "လက်ဖမိုးလေးနဲ့ ချွေးစို့နေတဲ့
နှာဖူးပြင်ကိုသက်ပေးလိုက်ပြီး" ချွေးတွေကြီးပဲ ကလေးရယ်
ဘာလို့ အရမ်းဆော့နေတာလဲ "မူပိုင်အပြုံးလေးနဲ့ ပြန်ပြုံးပြတဲ့ကလေးငယ်
နေမင်းကြီးကိုနောက်ခံထားပြီး
အရောင်အဝါတွေ ထွက်နေသလားထင်ရတဲ့
အရှေ့ကကောင်လေးဟာ
အတောင်ပံမပါတဲ့နတ်သားငယ်" မဟုတ်ပါဘူး ဒီအတိုင်းဆော့ရင်းနဲ့ချွေးတွေ
ထွက်လာတာ "" ချွေးတိတ်အောင်ခနနေ ပြီးရင် ရေချိုး
ကိုယ်တို့ မီးပြတိုက် ဆီသွားကြမယ် "" တကယ်လား "
လက်မောင်းအားဖက်တွယ်ကာ မေးလာတဲ့
ကလေးငယ်အား လက်တဖက်ဖြင့်
ဆံပင်အားဖွလိုက်ပြီး" တကယ်ပါဆို ကွာ "
" ရေးးးးးးး ဒါဆို ရေသွားချိုးတော့မယ်"
YOU ARE READING
Night Blooming Jasmine
FanfictionJasmine သို့မဟုတ် စိန်ဖလူး ပန်းငယ်လေးတွေရဲ့ မြေပြင်ပေါ် ကြွေကြရခြင်းမှာ သူတို့ သိပ်ချစ်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်တယ် ကျွန်တော်ဟာ Jasmine ပန်းလေးဆိုရင် ဟွန်းက နေရောင်ခြည်ပဲ