လက်မောင်းထက်ကအေးစက်လာတဲ့
ခံစားချက်နဲ့အတူနိုးလာတဲ့ဆောင်းဟွန်း။
စားပွဲခုံပေါ်က နာရီကိုကြည့်လိုက်သည်
၂နာရီခွဲ။ တော်တော်စောသေးတာပဲ
ဘေးက ကမ္ဘာငယ်လေးဆီကို
အကြည့်များပို့လိုက်တော့
ဂွမ်းစောင်အဖြူက ခါးနားထိ လျှောကျနေတာမို့
အဝတ်အစားများ လစ်လျာနေတဲ့
ကျောပြင်ဖွေးလေးဟာ ပြတင်းပေါက်မှ
ဖြာကျေနေသာ လရောင်နဲ့အတူထင်းနေသည်
အဲယားကွန်းကအရမ်းအေးတာကြောင့်
သူတောင် နိုးရင် ကလေး ဆို ဘယ်လောက်တောင်
အေးနေလိုက်မလဲ စောင်လေးအသာလေး
ပြန်ဆွဲတင်ပေးလိုက်ပြီး လက်မု့ ကိုယူကာ
အဲ့ယာကွန်းအား လျော့ချလိုက်သည်
ဒီကလေး သူ့ကြောင့်
ညက ပင်ပန်းထားတာအိပ်ပါစေဆောင်းဟွန်း ပြန်အိပ်မရတာနဲ့
ကြမ်းပြင်မှာကျနေတဲ့ ရေချိုးသပတ်အားပတ်ကာ
ဆေးလိပ်သောက်ရန်စဥ်းစားလိုက်တယ်။
လပြည့်တဲ့ နေ့ဖြစ်တာမို့
လရောင်ဟာ တော်တော်လေးကို လင်းနေသည်
တံခါးအား ဖြေးဖြေးချင်းဖွင့်ကာ အိပ်ခန်းရဲ့ ဝရံတာ
သို့ ထွက်လာလိုက်သည်။သူတွေးစရာတွေများလာပြီ။
ဆောနူကို မြင်လေ မစွန့်လွှတ်နိုင်ဘူးဆိုတာ
သေချာလေပဲ ဒါဆို သူသိပ်ချစ်တဲ့ငွေတွေကကောနှုတ်ခမ်းဝမှာ တေ့ထားတဲ့ ဆေးလိပ်အား
မီးတို့လိုက်ပြီး တရှိုက်ရူလိုက်သည်
ထို့နောက် လက်ကြားထဲအားညှပ်ကာ
ဝရံတာလက်တန်းပေါ်လက်ထောက်ရင်း
အတိတ်တွေ ဆီသို့ ....." ပတ်ဆောင်းဟွန်း!! "
အလယ်တန်း ဒုတိယနှစ်ကျောင်းစတက်တဲ့ရက်က
လုံးဝ လှပမနေခဲ့ပါ
ဒီကောင်တွေကိုမတွေ့အောင်ရှောင်လေကာမှ
တည့်တည့်တိုးတဲ့အဖြစ်လွယ်ထားတဲ့ကျောပိုးအိတ်ရဲ့ကြိုးကို
အားကိုးတကြီးကိုင်ကာ
ခေါ်တဲ့ဘက်ကို လှည်လိုက်သည်"ထုတ်စမ်း မင်းပိုက်ဆံ အကုန် !!"
ကြောက်တာကြောင့် ခြေလှမ်းအား နောက်သို့
ဆုတ်ပြီး ခေါင်းငုံကာ ရပ်နေတဲ့ဆောင်းဟွန်းအား
အုပ်စုထဲက ကောင်လေးတစ်ကောင်က
စောင့်တွန်းလိုက်သည်
တွန်းတဲ့အရှိုန်က ပြင်းတာကြောင့်
ဆောင်းဟွန်းဟာ မြေပြင်ပေါ်သို့
ဘုန်း ကနဲ
YOU ARE READING
Night Blooming Jasmine
FanfictionJasmine သို့မဟုတ် စိန်ဖလူး ပန်းငယ်လေးတွေရဲ့ မြေပြင်ပေါ် ကြွေကြရခြင်းမှာ သူတို့ သိပ်ချစ်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်တယ် ကျွန်တော်ဟာ Jasmine ပန်းလေးဆိုရင် ဟွန်းက နေရောင်ခြည်ပဲ