Episode 10

486 64 8
                                    

zawgyi

( Unicord က အောက်မှာပါပါတယ် )

ဝမ်းနည်းစရာကောင်းတဲ့
အကြောင်းတွေကို မစဉ်းစားချင်တာမို့
ကလေးအား ဇာတ်ကားကြည့်ရန်ပြောလိုက်သည်
ဆောင်းဟွန်းသိတာပေါ့ ဆောနူက
ဇာတ်လမ်းတွေ ကြည့်ရတာ အရမ်းသဘောကျတာ

" ဟွန်းးးးးး လာရွေးပေးဦး
ဘာကားကြည့်ရမလဲ "

အသံရှည်ဆွဲကာ ‌သူ့‌အား စစ်ကူတောင်းလာတဲ့
ဆောနူကို ကြည့်ပြီး ကောက်ပွေ့ချီလိုက်ချင်တဲ့
စိတ်ကတဖွားဖွား
ကျုံကျုံလေးထိုင်းပြီး အခွေရွေးနေတဲ့
ကောင်လေးဘေးမှာဝင်ထိုင်လိုက်ပြီး

" ကလေး ဘာကားကြည့်ချင်လဲ "

မျက်လုံးကိုအပေါ်တင်ကာ စဉ်းစားနေတဲ့
ဆောနူအား အသည်းယားစွာ
ပါးအားလှမ်းနမ်းလိုက်တယ်

" နေပါဦး ဟွန်း အခုက မှောင်နေပြီဆိုတော့
မနက်ကျရင် အလုပ်ရှိသေးတယ်မလား "

" ကလေး လေး က အရူး "

နဖူးအား လက်နဲ့ တို့ရင်းပြောလိုက်တယ်

" ဟမ် ဘာလို့ တုန်း "

" မနက်ဖြန် Sunday လေ "

" အော် ဟုတ်သားးးး
ဒါဆို မနက်ဖြန် လည်း တစ်နေကုန်
ကျွန်တော်နဲ့နေမှာပေါ့ "

မျှော်လင့်တဲ့မျက်လုံးတစ်စုံနဲ့
မေးလာတဲ့ကလေးငယ်အား
သူဘယ်လိုပြန်ဖြေရင်ကောင်းမလဲ
မနက်ဖြန် ဆိုးအာ နဲ့ နှစ်ဖက် မိဘတွေ့ရမှာ
ဒါပေမယ့် ကလေး အနားမှာလည်း
ရှိနေချင်သေးတယ်

" ဟွန်း ကျွန်တော်ပြောတာ ကြားရဲ့လား "

" ဟုတ်ပါပြီကွာ ကိုယ့်ကလေးလေး
ဘေးမှာ တစ်နေကုန် နေမှာ စိတ်ချ "

" ရေးးးးးး ပျော်လိုက်တာ "

ကလေး မုန့်ပေးလိုက်သလို
အပျော်ကြီး ပျော်နေတဲ့ ဆောနူကို
ကြည့်ရင်း တောင်းပန်လိုစိတ်
အားနာတဲ့ စိတ်တွေ နဲ့ပြည့်နှပ်နေတယ်

" ကလေး ကိုယ်တို့
Call me by your name ကြည့်ရအောင် "

" ဟုတ် "

ဇာတ်ကားကြည့်တာ တော့ ဟုတ်ပါရဲ့
ဇာတ်ကားပြီးတဲ့ ထိ ငိုလို့ မပြီးသေးတဲ့
ကလေးငယ်အား သူချော့နေရတာ
နာရီဝက်ရှိပြီ
သူ့အမှား သူဒီကား ကို မ‌ရွေးလိုက်သင့်ဘူး
ကုတင် ပေါ်မှာ ခေါင်းအုံးကိုဖက်ကာ
ငိုနေတဲ့ ဆောနူအား ဘေးတစ်စောင်းလေး
ဖက်လိုက်ရင်းးး

Night Blooming JasmineWhere stories live. Discover now