Episode 2

813 104 11
                                    

  
" ဟဲ့ နင်ကြားပြီးပြီလား
    ဒီတစ်ခေါက် အတွင်းရေးမှူးအသစ်က
   အရင်ကထက်ပိုလှတယ်တဲ့ "

  " သူဌေးလေး အကြိုက်ပေါ့
   ဒါပေမယ့် ခနပဲနေနိုင်မှာ
  ဒီလောကမှာ သူဌေးလေးဆိုးသမျှ သည်းခံ
နိုင်တဲ့သူဆိုတာ မရှိဘူး "

" အေးဟယ် အနည်းဆုံးတော့ အီစီကလီ
   လုပ်လို့ရတာပေါ့ "

ဆောနူ အစည်းအဝေးစာရွက်စာတမ်းတွေ
ကော်ပီ ဆွဲနေရင်း ဘေးမှ တီးတိုးပြောသံတွေကို
မကြားချင်ပါလျက် ကျိတ်မှိတ်ကာ
နားထောင်နေရတယ်
ဖြစ်နိုင်ရင် အဲ့ပြောနေတဲ့ပါးစပ်တွေကို
ပိတ်သွားအောင် ထအော်လိုက်ချင်ပေမယ့်
အများ အမြင်မှာ သူနဲ့ ဟွန်းနဲ့က သူစိမ်းလေ
ကြည့်ရတာ အတွေးရေးမှူး အသစ်ရောက်လာတယ်
ထင်ပါတယ် အသစ်လေးနဲ့ဟွန်းကိုမြင်ရင်
ဒီတစ်ခေါက်လည်း သူရင်ကွဲရဦးမယ် လုပ်ဖော်ကိုင်ဖက် အလှလေးတွေအများစုဟာ
လည်း ဟွန်းနဲ့ သိပ်မကင်းကြ
ဘာလိုလို သတင်း‌တွေက company မှာ
အမြဲထွက်နေကြ
ဟွန်းရဲ့ အလှ ကစား‌နေကျ အရုပ်တွေထဲမှာ
ကျွန်တော်ကတော့ ပင်တိုင်အရုပ်ပေါ့

" ဆောနူ စာရွက်တွေ လျှံကျနေပြီ
  အလုပ်ကိုဘယ်လို လုပ်နေတာလဲ
  အဲ့တာကြောင့် သူဌေးလေးဆီက
  ခနခန အဆူခံရတာ ဒီတစ်ခေါက်
ငါဆို့ ဌာန မင်းကြောင့်အဆူခံရရင်
  ငါနဲ့အတွေ့ပဲ ကြားလား!!!!!  "

" ဟုတ်ကဲ့ နောက်မဖြစ်စေရပါဘူး "

ဌာနမှူးပြောသွားတဲ့စကားတွေက ကျယ်တာမို့
ဌာနတစ်ခုလုံးလုံးဝိုင်းကြည့်နေကြတယ်
အဲ့မျက်လုံးတွေကို မကြိုက်ဘူး
အသုံးမကျတဲ့လူတစ်ယောက်လို
သနားစရာကောင်းတဲ့လူတစ်ယောက်လို
ကြည့်ခံရတာမကြိုက်ဘူး

ဝမ်းနည်းလွန်းလို့ လှိုက်တက်လာတဲ့
မျက်ရည်ငယ်လေးတို့ကို လက်ဖမိုးနဲ့ ဆွဲပွတ်ပြီး
အောက်ကိုလျှံကျနေတဲ့ စာရွက်ဖြူတွေကို
တစ်ခုချင်းလိုက်ကောက်လိုက်သည်
ဒီအချိန်မှာ နွေးထွေးတဲ့ရင်ခွင်တစ်ခုကို
လိုအပ်မိတာ လောဘကြီးသလိုများဖြစ်နေမလား






" ဆောနူ မင်းဒီစာရွက်တွေကို
သူဌေးလေးဆီ သွားပြလိုက် "

" ဟုတ်ကဲ့ "

Night Blooming JasmineDonde viven las historias. Descúbrelo ahora