Episode 3

772 99 9
                                    

ထUnicode

     " ရှောင်ထင်း ငါတို့ကိုရီးယားကိုသွားရမယ်"

    ရေးနေတဲ့လက်စဘောပင်ကိုချကာသက်ပြင်းချလိုက်တယ် အမေက ကွာရှင်းပြီးကတည်းက
ကိုရီးယားကိုထွက်သွားတာသိရပေမယ့်
ရှာခိုင်းထားတဲ့သူဆီက ဘာမှသတင်းမထူးသေးတာကြောင့် လိုက်သွားတာမျိုးတော့မလုပ်ခဲ့ဘူး
အဖေကလည်း ဒီမှာ‌ဆေးရုံတင်ထားရကြောင့်လည်းပါတယ် အခုတော့ မသွားလို့မရတော့ဘူး ကုန်ပစ္စည်းကို ဈေးကွက်ချဲ့ချင်တာကြောင့် ကိုရီးယားကို သွားရမည် လူကြားထဲတွင် နံမည်ကြီးနေပြီးသား
တရုတ်အခြေစိုက် brand တစ်ခုဖြစ်တဲ့
Shen Brand ဟာ company ခွဲဖွင့်မှာ‌မို့
ကိုရီးယားက အဖွဲ့အစည်းတော်တော်များများက
လက်ကမ်းထားပေမယ့် Park group ကို ရွေးချယ်ခဲ့တယ် အဖေ့ကို မထားခဲ့ချင်ပေမယ့် အမေနဲ့မောင်လေးနဲ့ကိုလည်းကိုယ်တိုင်သွားရှာချင်တာလည်း ပါတယ်

   " ရှောင်ထင်း ဘာတွေ အတွေးလွန်နေပြန်ပြီလဲ"

   " ရီနာ က တော့ အတွေးကိုပါသိနေတော့တာပဲ"

   အေးအေးချမ်းချမ်းနဲ့ပြန်ပြုံးပြတဲ့ရီနာက
တစ်နေ့တာ ကို ဖြတ်ကျော်အားတင်းအပြည့်
ကိုပြည့်စေတယ် ကျေးဇူးတင်ပါတယ်
ဒီအချိန်ထိ သူ့အနားမှာနေပြီ လောကဓံကို တူတူခံခဲ့ပေးတဲ့အတွက်












  ၂၁ ရာစုရဲ့ နန်းတော် သို့မဟုတ် Park အိမ်တော်
နှစ်ဧက နီးနီးကျယ်ဝန်းထဲတွင် ခန်းနားစွာ
တည်ရှိနေတဲ့ အဖြူရောင် တိုက်ကြီးမှာ
နန်းတော် လို့ ပြောရင်တောင် ယုံရနိုင်သည်
အများအမြင်မှာတော့ park သခင်လေး
ပတ်ဆောင်းဟွန်း ဟာ ဒီအိမ်ကြီး ရဲ့အရှင်သခင်လို့
ထင်ရပေမယ့် တကယ့်တကယ်တမ်းအနောက်မှ
ကြိုးကိုင်နေသည်မှာ ဆောင်းဟွန်းရဲ့ အဖိုးဖြစ်တယ်

ရွှေရောင်နဲ့အဖြူရောင်ကို လှပစွာပုံဖော်ထားတဲ့
စာဖတ်ခန်းရဲ့အလယ်မှာ ထိုင်နေတဲ့ အဖိုးအိုရဲ့
မျက်နှာမှာ အလိုမကျမှု့ ဒေါသ အတ္တတွေ ပါနေတယ်
အရှေ့စားပွဲ‌ပေါ်တွင်တင်ထားတဲ့ စာရွက်ကိုယူပြီး
ဆောင်းဟွန်းရဲ့ မျက်နှာကို ပစ်ပေါက်လိုက်တယ်

Night Blooming JasmineDove le storie prendono vita. Scoprilo ora