Final

802 83 16
                                    


" ဟွန်းးးးး !!!! ပြန်လာပြီလား "

ဆောနူ ‌အော်ဒါလာမှာထားတဲ့
ပန်းစည်းလေးအားထုတ်နေရင်း
ဆိုင်ထဲဝင်လာတဲ့ချစ်ရတဲ့သူအား
နှုတ်ဆက်လိုက်သည်
ချစ်သူအိမ်ပြန်လာချိန် လေးနာရီခွဲ။
ဒါ‌ပုံမှန်ဖြစ်သည်
အရာအားလုံးအများကြီးပြောင်းလဲသွားခဲ့တယ်
အချိန်တစ်နှစ်နီးပါး.....
အခုတော့ အားလုံးအဆင်ပြေသွားပြီ
သူရဲ့မွေးရပ်မြေဟုမမည်သာသော နေရာလေး
တနည်းအားဖြင့်ဟွန်းနဲ့စတွေ့ခဲ့တဲ့မြို့လေးမှာ
Blooming jasmine ဆိုတဲ့ပန်းဆိုင်လေး
ဖွင့်ထားတယ် ဟွန်းကတော့ ဒီမှာပဲအခြေချပြီး
ငွေအရင်းအနှီးလေးနဲ့ လုပ်ငန်းသေးလေးတစ်ခု
လုပ်ဖို့ စီစဉ်နေတယ်

" ကိုယ့် ဆောနူလေး ကိုယ့်ဆီလာပါဦးကွာ
‌အမောဖြေပါရစေ "

လက်မောင်းနှစ်ခုအားဆန့်တန်းကာကလေးဆိုလေး‌လို ချွဲနေတဲ့ဟွန်းကိုကြည့်ပြီး သူအရမ်း
အသည်းယားတာပဲ
ဟွန်းအခုချွဲတက်လာတာ
ပြောင်းလဲသွားတဲ့ထဲမှာလည်း
အဲ့တာတစ်ခုအပါအဝင်ပေါ့

ပန်းစည်းအားလက်စ မသပ်ရသေးခင်
ရင်ခွင်ကျယ်ဆီကိုအပြေးလေးသွားလိုက်တယ်

______________________

  ကျွန်တော်မေ့လဲနေတာ ဘယ်နနာရီတွေ
ဘယ်နရက်တွေရှိနေပြီလဲ မသိဘူး
နိုးလာတော့ စာရွက်အပိုင်းအစလေးတစ်ခုက
လွဲရင် ဘေးပတ်ပတ်လည်မှာ ဘာမှရှိမနေခဲ့ဘူး

" မာသာကြီးဆီမှာ သွားနေပါကလေး
ကိုယ် အရာအားလုံးကို ရှင်းပြပါ့မယ် "

  ထိုစာကြောင်းနှစ်ကြောင်းမှတပါး
တခြားမရေးထားသောစာရွက်ငယ်အား
လုံးခြေပြီး ဆေးရုံပြတင်းပေါက်မှလွှတ်ပစ်လိုက်တယ် အဆုံးထိတောင် တကိုယ်ကောင်းဆန်နေပါလား ပတ်ဆောင်းဟွန်းရယ်
ငါ့ကို ဘယ်ထောင်ချောက်ထဲများဆွဲခေါ်ဦး
မလို့လဲ မင်းကိုမုန်းချင်လိုက်တာ
ဒီလောက်လိမ်ခဲ့ပြီးရင်တော်လောက်ပါပြီ

အတိတ်မှာသိပ်ချစ်ခဲ့တယ်
မဟုတ်ဘူး သူ့ဖက်ကပဲချစ်ခဲ့တယ်လို့ပြောရမလား
လုပ်ရက်လိုက်တာ ရှင်းပြမယ် ဘာကိုလဲ
ဘာကိုရှင်းပြမှာလဲ ဒါဆိုအခု ဘာလို့
မလာတာလဲ သူက
ပတ်ဆောင်းဟွန်းဆိုတဲ့လူဆီက
အချိန်တစ်ခုပေးဖို့ထိတောင်မတန်တဲ့လူလား

Night Blooming JasmineWhere stories live. Discover now