" မောင်လေး !!!!! မောင်လေး "ညလယ်လောက်မှာ ဇောချွေးများထွက်ကာ
ယောင်နေတဲ့ ရှောင်ထင်း ကို ယူရီနာ
လှုပ်နှိုးပြီး" ထင်းထင်း ဘာဖြစ်တာလဲ မျက်လုံးဖွင့်ဦး
ငါရှိတယ် နော် "
ထိုအခါမှ မျက်လုံးဖွင့်ကာ
အိပ်နေရာကနေ ထပြီး မျက်စိရှေ့မှာ
တွေ့နေရတဲ့ ယူရီနာကို ရင်ခွင်ထဲ ဆွဲထည့်လိုက်သည် အိမ်မက်အကြောင်းကိုပြန်စဉ်းစားရင်း
ရီနာရဲ့ ပခုံးပေါ်မှာပဲ စိတ်လွတ်စွာ ငိုနေမိတယ်" အဆင်ပြေသွားမှာပါ ထင်းထင်း
ဝူးဝူးလေးကို ငါ့တို့ရှာတွေ့မှာပါ"" အိမ်မက်ထဲမှာလေ ငါမောင်လေးက ငိုနေတယ်တဲ့
အဲ့တာငါအသုံးမကျလို့ ငါသာ စောစော ရှာခဲ့ရင်"ကိုယ့်ကိုကိုယ် အပြစ်တင်ကာ
ရှုက်ကြီးတငင် ငိုနေတဲ့ ရှောင်ထင်းကို
နှစ်သိမ့်ပေးယုံမှ တပါး ကျန်တာ သူမလုပ်နိုင်ပါအိမ်မက်ထဲမှာ ငိုကြွေးနေတဲ့ ကလေးငယ်ကို
ပြန်စဉ်းစားရင် အမတစ်ယောက်တာဝန်မကျေသလို ခံစားရတယ် ဘယ်တွေများရောက်နေလဲ ဝူးဝူးရေ
အမ ဝူးလေးကို တွေ့အောင်ရှာမှာ
ဒီကြားထဲ မရှာဖြစ်ခဲ့တာတောင်းပန်ပါတယ်အဖေနဲ့အမေ နဲ့ကွဲသွားပြီးကတည်းက ဝူးလေးက
အမေနဲ့ပါသွားတာ တစ်နှစ်သာသာ ရှိသေးတဲ့
ဝူးလေးက ဘာမှမသိပေမယ့် ငါးနှစ်ကျော်
ကျွန်မ ကတော့ ဝူးလေးကို မှတ်မိနေခဲ့တယ်
အမေ့ကို စိတ်နာနေတဲ့အဖေကြောင့်
ဘာဆိုဘာမှ စုံစမ်းလို့မရခဲ့ဘူး
အဖေဟာ ညဖက် တိုင်း ဝူးလေးကို သတိရလို့
ငိုနေပေမယ့် အမေကြောင့် သူမရှာခဲ့ဘူး
အခုတော့ နှလုံးရောဂါနောက်ဆုံးအခြေအနေကို
ရင်ဆိုင်နေရပြီ အဲ့ဒါကြောင့် အဖေခေါင်းမချခင်
ဝူးလေးကို အဖေနဲ့တွေ့စေချင်တယ်
ဒါပေမယ့် သတင်းက
ဘာမှရေရေရာရာ မသိရသေးဘုရားသခင်သာ ကြားမယ်ဆိုရင် ကျေးဇူးပြုပြီး
ကျွန်မတို့ မိသားစု စုံစုံလင်လင် နေရဖို့
ဖန်တီးပေးပါ
ကြယ်ငါးပွင့်အဆင့်စားသောက်ဆိုင်တစ်ခုရဲ့
ခေါင်မိုးထပ်တွင် ရောင်စုံမီးလုံးများနှင့် လှလှပပပြင်ဆင်ပြီး အနောက်တွင် ချိတ်ဆွဲထားသော
စာကြောင်းမှာ
YOU ARE READING
Night Blooming Jasmine
FanfictionJasmine သို့မဟုတ် စိန်ဖလူး ပန်းငယ်လေးတွေရဲ့ မြေပြင်ပေါ် ကြွေကြရခြင်းမှာ သူတို့ သိပ်ချစ်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်တယ် ကျွန်တော်ဟာ Jasmine ပန်းလေးဆိုရင် ဟွန်းက နေရောင်ခြည်ပဲ