ဆောင်းဟွန်း company ရဲ့ အပေါ်ထပ်က
လသာဆောင်ကိုရောက်နေတာဖြစ်တယ်
ဘာလာလုပ်လဲဆိုတော့
ဆောနူရဲ့ မိသားစု ဓာတ်ပုံကို
မီးလာရှို့တာ
သူဒါကိုလုပ်ရမယ် ဒီပုံရှိနေသ၍
နောက်ကြောင်းအေးမှာမဟုတ်ဘူး
ဘယ်အချိန်ဆောနူ မြင်မလဲ
ဆိုပြီး စိုးရိမ်နေရတယ်
ခရီးကပြန်လာလာချင်း ဒါကိုအစေဖျာက်ဖို့
လုပ်ချင်ပေမယ့်
ကိစ္စတွေပေါ်လာတာကြောင့်
သူမေ့နေခဲ့တာလက်ထဲက မီးခြစ်တွေကိုထုတ်လိုက်ပြီး
စက္ကူစကို မီးရှို့ကာ အရှေ့
သံပုန်းထဲကိုထည့်လိုက်သည်
မီးတောက်မှာ စတက်လောင်ကျွမ်းလာပြီ
ဖြစ်တာကြောင့် အိတ်ကပ်ထဲက ထို
ဟောင်းနွမ်းနေတဲ့ဓာတ်ပုံကိုထုတ်လိုက်သည်ဆောနူ က သူ့အပိုင်
သူ့ဆီက ဘယ်သူမှ မခေါ်သွားရဘူး
အဲ့လူက ဆောနူရဲ့မိသားစုဝင်ဖြစ်နေရင်တောင်
သူခွင့်မပြုဘူး
ခေါင်းပေါ်က ဆံပင်ချည်လေးတွေကအစ
ဖယောင်းလိုသွယ်နေတဲ့ခြေချောင်းလေးတွေအဆုံး
ကုန်ကုန်ပြောရရင် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းဆိုတဲ့
ခံစားချက်တွေအထိ သူတစ်ယောက်တည်းပဲပိုင်ရမယ် အတ္တကြီးတယ် ပြောကြမလား
ပြောစမ်းပါ ဒီလုပ်ရက်ကိုသူလုံးဝ
နောင်တရနေမှာမဟုတ်ဘူး
ပြီးရင် သူလုပ်စရာရှိတဲ့အလုပ်တွေလုပ်ရဦးမယ်
အမေချန်ထားခဲ့တဲ့ သူ့နံမည်ပေါက် ဂျယ်ဂျူးက
ခြံကိုရောင်းမယ် ပြီးရင် ရတဲ့ပိူက်ဆံနဲ့အတူ
ဆောနူကို နိုင်ငံခြား ခေါ်သွားဖိူ့
စဉ်းစားထားတယ်
လက်မထပ်နိုင်ဘူး ဆောနူမဟုတ်ပဲ
တခြား တစ်ယောက်နဲ့သူကျန်တဲ့ဘဝကို
မကုန်ဆုံးချင်ဘူး
ဒါနောက်ဆုံးနည်းလမ်းပဲဖြစ်မယ်
သေချာစဉ်းစားကြည့်တော့မှ အဘိုးကသူ့ကို
ပုံသွင်းခဲ့တာ ပိုက်ဆံမပါပဲ မနေတက်လောက်အောင်
အထိပေါ့ ဟက် ဒါတွေကို သူဘာလို့
အခုမှသတိထားမိတာလဲ
စိတ်ချ ဘယ်တော့မှ အဘိုးဖြစ်စေချင်သလို
မဖြစ်လာစေရဘူး ဘယ်တော့မှ...
အဘိုးအတွက်နဂိုတည်းက မလိမ္မာတဲ့
ပတ်ဆောင်းဟွန်းက နောက်လည်းဒီထပ်
ပိုဆိုးသွားဦမှာနောက်ဆုံးအနေနဲ့
ဓာတ်ပုံအားကြည့်ပြီး မီးပုံထဲကိုပစ်ထည့်လိုက်တယ်
အရှိုန်ကောင်းနေတဲ့မီးတွေဟာ
လောင်စာတစ်ခု ပိုရသွားတာပေါ့
YOU ARE READING
Night Blooming Jasmine
FanfictionJasmine သို့မဟုတ် စိန်ဖလူး ပန်းငယ်လေးတွေရဲ့ မြေပြင်ပေါ် ကြွေကြရခြင်းမှာ သူတို့ သိပ်ချစ်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်တယ် ကျွန်တော်ဟာ Jasmine ပန်းလေးဆိုရင် ဟွန်းက နေရောင်ခြည်ပဲ