ဆောင်းဟွန်း အိမ်မပြန်လာရတာ ကြာပြီဖြစ်တာကြောင့် တစ်ခေါက်လောက်တော့မျက်နှာပြရန်
ပြန်လာခဲ့တယ်ကျွန်တော်ကားရပ်တော့
အိမ်ရှေ့က နှင်းဆီပင်တွေကြားက ဟီဆွန်း။
သူ ရုံးမသွားဘူးလား
အေးပေါ့ ဘယ်သွားပါ့မလဲ သူက အခွင့်ထူးခံ
လူတန်းစားလေ
ဘာမှ ပင်ပန်းစရာမှမလိုတာ
ဆောင်းဟွန်းလည်းကြာကြာကြည့်မနေဘဲ အိမ်ထဲကိုဝင်လာလိုက်တယ်
ဒေါက် ဒေါက် ဒေါက်
" ဆောင်းဟွန်း အကိုဝင်လာလို့ရမလား "
စာကြည့်စားပွဲမှာ အလုပ်လုပ်နေရင်း
တံခါးဝမှကြားရတဲ့ ဟီဆွန်း အသံကြောင့်
ဆောင်းဟွန်း၏မျက်ခုံးသွယ်တို့မှာ
ပိူနီးစပ်သွားသည်အီဟီဆွန်း နဲ့ ဆက်ဆံရေးဟာ
နင်နေရော ငါသွားရော ဆိုတဲ့ ဆက်ဆံရေးမျိုးပါ
ဘာကြောင့် ဒါတွေလာလုပ်နေရတာလဲ" အကို ဝင်လာခဲ့ပြီ "
ခင်ဗျာ က ဝင်ပြုချက်တောင်သေချာ
တောင်းမနေဘူးပဲ" ဝင်ခွင့်မပြုပဲ ဝင်လာတာ ရိုင်းတယ်မထင်ဘူးလား
အီဟီဆွန်း "သုံးနေတဲ့ laptop ကို ပိတ်ကာ အရှေ့မှာရောက်နေတဲ့ သူကို သေချာကြည့်ပြီး
ပြောလိုက်သည်" ပြောစရာရှိလို့ လာခဲ့တာ "
" မြန်မြန်ပြော မြန်မြန်ပြန် "
သူ့ညီလေးဟာ သူ့ကို ထို့လောက်ပင်
မုန်းနေတာလား
စိတ်မကောင်းဖြစ်မိတယ်
သွေးသားအရင်းချာမဟုတ်ပေမယ့်
ပြေးကြည့်မှ ဒီနှစ်ယောက်ပဲရှိတာမဟုတ်လား
ဟိုးငယ်စဉ်တည်းက ဆောင်းဟွန်းနဲ့ရင်းနီးချင်ခဲ့တာ
နွေးထွေးတဲ့ ညီအကိုဆက်ဆံရေးမျိုးလိုချင်ခဲ့တာ" ဆိုးအာကို တကယ်လက်ထပ်မှာလား
ဆောင်းဟွန်း"ကြားလိုက်ရတဲ့စကားကြောင့်
ဆောင်းဟွန်း မျက်ခုံးပင့်လိုက်သည်
ဘာလို့ စိတ်ဝင်စားနေတာလဲ
ဒါက သူရဲ့ အတွင်းရေးလေ
တကယ်တော့လည်း ဆိုးအာကိုလက်ထပ်ဖို့
စိတ်ကူးမရှိပါ အားလုံးကိတိတ်တဆိတ်လုပ်ပြီး
ထွက်သွားဖို့ သူစဉ်းစားထားပြီးသား
ဟီဆွန်း ဘာရည်ရွယ်ချက်နဲ့ မေးလဲ
မသိတာကြောင့်အမှန်တိုင်းဖြေဖို့ဆိုတာ
မဖြစ်နိုင်။
YOU ARE READING
Night Blooming Jasmine
FanfictionJasmine သို့မဟုတ် စိန်ဖလူး ပန်းငယ်လေးတွေရဲ့ မြေပြင်ပေါ် ကြွေကြရခြင်းမှာ သူတို့ သိပ်ချစ်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်တယ် ကျွန်တော်ဟာ Jasmine ပန်းလေးဆိုရင် ဟွန်းက နေရောင်ခြည်ပဲ