Episode 5

746 100 6
                                    

Unicode

  ဆောင်းဟွန်းတရှိမ်ထိုး
ခေါ်သွားတဲ့အနောက်ကို
အ‌မှီလိုက်နေရကြောင့် ကော်ရတာမှာ
ချော်လဲမလိုတွေတောင်ဖြစ်တယ်
လက်ကို တင်းကြပ်စွာကိုင်ထားတာကြောင့်
နာလည်းနာလှပြီ
အရေးပေါ်လှေကားထဲထိ ဆွဲခေါ်သွားပြီး
တံခါးကို ဒုန်း ကတည်းမြည်အောင်
ပိတ်ကာ ကျွန်တော့်ကို နံရံနဲ့ဆွဲကပ်လိုက်တယ်
  ထိုနံရံကို လက်ထောက်ကာ
အပေါ်မှာအုပ်မိုးလာသည်
စူးရှရှရေမွှေးနံက နှာခေါင်းထဲကို ထိုးဝင်လာ‌တယ်
အနံပျင်းတာတွေမကြိုက်တာကြောင့်
အမြဲ ပျော့ပြောင်းတဲ့ ရေမွှေးတွေသာ
သုံးပေမယ့် ဟွန်းဆီက ရတဲ့ ထိုရနံကိုတော့
ချွင်းချက်‌အနေနဲ့ ရူးလောက်အောင်ကြိုက်သည်
ခေါင်းမော့လိုက်သည်နှင့်တပြိုင်နက်
ဆုံတွေ့တဲ့ မျက်ဝန်းနက်တစ်စုံ
အံကြိတ်ထားသည့်ကြောင့်လားမသိဘူး
မေးရိုးများမှာ နဂိုကထက်ပိုမိုထင်ရှားနေသည်
နီးသထက် နီးကပ်လာတာကြောင့်
နှာတစ်ဖျားသာကွာတော့တဲ့
ထိုအ‌ခြေအနေကို သူဘယ်လိုများ ရင်ဆိုင်ရမလဲ

" အရမ်းပျော်နေလား ကင်ဆောနူ "

  ပုံမှန်ပြောနေကျအသံထက် ပိုမိုတည်ကာ
ပြောလာသောကြောင့်
ခေါင်းကိုငုံချလိုက်တယ်

" ငါ့ကိုကြည့် "

ဟွန်းက လက်ဖျားနဲ့ကျွန်တော့်မေးဖျား‌ကို
မ ပြီး မျက်လုံးချင်း ဆုံစေတယ်
ဟွန်းက ဘယ်အချိန် ပေါက်ကွဲတော့မလဲ
မသိတဲ့ ဗုံးတစ်လုံးလို

" မင်း အဲ့လိုskinshipတွေ သိပ်ကြိုက်နေတာလား
ငါမေးတာဖြေ "

" ဟွန်း ဘာကိုပြော. "

ဟွန်းက နောက်ဆိုဆုတ်ပြီး

" မင်းအကောင်နဲ့သာယာနေတာလဲ
ဘာလဲ မေ့နေတာလား"

ဟွန်းဘာတွေပြောနေတာလဲ
ဘယ်က ငါ့အကောင်လဲ
သာယာတယ် ဘာတွေလဲ
တကယ်စဉ်းစားမရတော့ဘူး

   " ဟာ!!!! ကင်ဆောနူ
မင်းအဲ့အကောင်နဲ့ဝေးဝေးနေစမ်းဘာ
ဦးနှောက်က အခုထိ မသိသေးဘူးလား ဟမ်!! "

Night Blooming JasmineWhere stories live. Discover now