Episode 11

454 75 0
                                    

   ဆောင်းဟွန်း ကလေးကို ထားခဲ့ရတာကြောင့်
စိတ်မချတာနဲ့ ဟိုတယ် ရှိရာကို
အမြန်မောင်းလာခဲ့တယ်
မြန်မြန်သွား မြန်မြန်ပြန်ရမယ်
သူ့ကိုကလေးက စောင့်နေမှာ

ရောက်တာနဲ့ အမြန် ဝင်သွားလိုက်တယ်
လူတွေတောင်စုံနေပြီပဲ
ဟက် အီဟီဆွန်းပါရောက်နေတာပဲ
ကျွန်တော်ရောက်တော့အဘိုးက
မျက်မှောင်ကျုံကြည့်သည်

" နောက်ကျသွားလို့ တောင်းပန်ပါတယ် "

ချိန်းထားတဲ့အချိန်ထက် ဆယ်မိနစ်လောက်
နောက်ကျသွားတာမို့ လူကြီးတွေကို
တောင်းပန်လိုက်သည်

" အချိန်ကိုလေးစားစမ်း ပတ်ဆောင်းဟွန်း "

ဒါဘာလို ဒေါသထွက်စရာကောင်းလိုက်တဲ့
အချိန်လည်း။ သူ့သဘောမတူတဲ့မဂ်လာပွဲကိုလည်း
စီစဉ်သေးတယ် သူ့ကပဲ အားလုံးရဲ့
စိတ်ရှုပ်စရာအကောင်းဆုံးသူ
ဖြစ်ရတယ်

" ရပါတယ် အခုတလော ကား
တွေ ကျပ်နေတယ်လေ "

ဘာမှ မဆိုင်တဲ့ စကားဝိုင်းကို ဝင်ထောက်တဲ့
ဟီဆွန်းအား သူမျက်မှောင်ကျုံကြည့်ပြီး
သူ ဘာမျက်နှာဝင်ယူတာလဲ
အဖိုးကကော ဘာလိူ့သူ့ကိုခေါ်လာရတာ‌လဲ
တကယ်ဆို ဒီပွဲက ဟီဆွန်း နဲ့ဘာမှ မဆိုင်ဘူးလေ

ဆောင်းဟွန်း ထိုင်ခုံကို‌အနောက်ဆွဲယူပြီး
ဝင်ထိုင်လိုက်သည်

" ဆောင်းဟွန်းလည်း လာပြီဆိုတော့
စကား စကြရအောင်
စေ့စပ်ပွဲကို ကျွန်တော်အနေနဲ့
အမြန်ဆုံးဖြစ်စေချင်တယ် "

လွှတ်တော်အမတ်ရွေးကောက်ပွဲက
နောက်နှစ်လနေရင် စမှာမို့
အမတ်မင် တော်တော်လောနေပုံရတယ်
ဟက် နိုင်ငံရဲ့ ဥစ္စာတွေ ခိုးလို့မဝသေးတဲ့
ပုံပဲ

" ဒါပေါ့ ဒါပေါ့ "

ဆောင်းဟွန်းတော်တော်လေးကို နေရထိုင်ရတာ
အဆင်မပြေပါ ။ ဖြစ်နိုင်ရင်
ထွက်သွားချင်နေပြီ အချိန်ကလည်း
ထင်တာထက် နောက်ကျနေပြီမို့
ကလေးကိုစိတ်မချတော့ဘူး
ကလေး သူ့ကို စောင့်နေမှာ သူသိတယ်
ကိုယ်က အမြဲမင်းအပေါ်အပြစ်တွေ
လုပ်နေတယ်မလား ဆောနူ
ဆောင်းဟွန်း ဆိုးအာ ကိုလှမ်းကြည့်တော့
သူက မျက်လွှာချထားဆဲ

Night Blooming JasmineWhere stories live. Discover now