" ရှောင်ထင်းရေ အရှေ့နားမှာကားခန
ရပ်ပေးပါလား
ငါ green tea သောက်ချင်လို့ "ရှောင်ထင်း အရှေ့နားက ဆိုင်ရောက်တော့
ကားကို ဘေးထိုးရပ်လိုက်သည်
ခါးပတ်ပြုတ်ကာ ဆင်းတော့မယ့်ယူရီနာရဲ့လက်ကို
လမ်းဆွဲပြီး" ငါ့အတွက်ပါ တစ်ဗူး ဝယ်ခဲ့ပေးဦးနော် "
ယူရီနာ ရှောင်ထင်းရဲ့ နှာခေါင်းချွန်ချွန်လေးကို
ဆွဲလိုက်ပြီး" အမယ် အရင်က မကြိုက်ဘူးဆို "
မျက်နှာကိုကျုံ့ကာ နှာခေါင်းဆွဲခံထားရတယ်
ကလေး မကျ လူကြီး မကျ လေးကို
ကြည့်ရင်း သဘောကျစွာ ရီမိတယ်
အော် သူဘဝရဲ့တစ်ဦးတည်းသော ခင်တွယ်ရာလေး" Green tea ကြိုက်တဲ့ ကောင်မလေးကို
ကြိုက်မိမှတော့ မကြိုက်ရင် လိုက်သောက်ရတာပေါ့"" စကားတွေ တက်နေတာ
ဆု ချဦးမယ် "ပါးတစ်ဖက်ကိုလှစ်ကနဲ နမ်းကာ ကားပေါ်က ပြေး
ဆင်းသွားတဲ့ ကြောင်ပေါက်လေးယူရီနာနဲ့ ရည်းစားသက်တမ်း ခြောက်နှစ်လုံးမှာ
စိတ်ဆိုးစိတ်ကောက် တာကလွဲရင်
ကြီးကြီးများများ ပြသနာများမဖြစ်ဖူး
ယူရီနာ ဟာ သူ့ဘဝရဲ့ လမင်းလေး
မိတဆိုး လေးဖို့ ဆိုးသွမ်းနေတဲ့
သူ့ကို ပုံဖော်ပေးခဲ့တာ သူပင်
သူ့ကြောင့်ပဲ ဒီနေရာအထိရောက်လာခဲ့ရတာရုတ်တရက် တုန်မြည်လာတဲ့ ဖုန်းသံကြောင့်
အတွေးများကိုလက်ဆသက်ကာ
ကိုင်လိုက်တယ်" ဟယ်လို "
".............."
" ဘာ တကယ်လား အဲ့နေရာဆိုတာ "
" ...... "
" ဒါဆို အခုတော့ အဲ့မှာ မဟုတ်ဘူးပေါ့ "
" ...... "
" ကောင်းပြီ ဒါဆို မနက်ဖြန် အဲ့ကို
ငါလာခဲ့မယ် မင်းက
ပြောင်းသွားတဲ့နေရာကိုပါ လိုက်စုံစမ်းပေး "
YOU ARE READING
Night Blooming Jasmine
FanfictionJasmine သို့မဟုတ် စိန်ဖလူး ပန်းငယ်လေးတွေရဲ့ မြေပြင်ပေါ် ကြွေကြရခြင်းမှာ သူတို့ သိပ်ချစ်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်တယ် ကျွန်တော်ဟာ Jasmine ပန်းလေးဆိုရင် ဟွန်းက နေရောင်ခြည်ပဲ