ဆောနူ သူရှေ့မှာငိုနေတဲ့ ရှောင်ထင်းအား
နှစ်သိမ့်ယုံမှတခြား သူမလုပ်နိုင်ပါ
ရှက်ကြီးတငင် ငိုနေတဲ့ ရှောင်းထင်းရဲ့
ပုခုံးလေးပေါ် လက်လေးပုတ်ပေးရင်း" အမ ဒီနေ့ အဝ ငိုလိုက်ရအောင် "
ခေါင်းမိုးထပ်က ဖြေးညှင်းစွာ
တိုက်ခိုက်သွားတဲ့ လေးညှင်းငယ်ဟာ
သူတို့ နှစ်ဦးရဲ့ ပူလောင်ခြင်းတွေကို
ဘာအတွက်ကြောင့်များမသယ်သွားတာလဲလွန်ခဲ့သော နှစ်ရက်
စိတ်လှုပ်ရှားနေတဲ့ ထင်းထင်းရဲ့
လက်တွေကို ရီနာ ဆုပ်ကိုင်လိုက်ပြီး" ထင်းထင်း အဆင်ပြေရဲ့လား "
" ငါ ကြည့်ရတာ အဆင်ပြေရဲ့လား
ငါ ရင့်ကျက်တဲ့ပုံပေါ်ရဲ့လား
ရီနာ မှတ်မိလား ဒီဓာတ်ပုံလေးလေ
ငါ ငါ ဝူးဝူး လေးကို တွေ့ရင်
ပြဖို့ ယူလာတာ ဘယ်လိုနေလဲ
ငါ ဘယ်လို စပြောရမလဲ ဟင် "ယူရီနာ သော့ခတ်ထားတဲ့ အိမ်ငယ်လေးကို
ကြည့်ရင်းမှ ထင်းထင်းအားကြည့်ကာ
မျက်ရည်ကျမိတယ်
စုံစမ်းခိုင်းထားတဲသူဆီ မှ လိပ်စာ
ရလာတာကြောင့်
အပြေးအလွှားပင် နေ့ချင်း
ဒယ်ဂူး ကို ဆင်းလာကြပေမယ့်
သော့ခတ်ထားတဲ့ အိမ်အို ငယ်လေးကလွဲရင်
တခြား မတွေ့ခဲ့ပါ
အိမ်နီးနားချင်းတွေကို မေးခဲ့ပေမယ့်
တစ်ယောက်မှ မသိကြဘူးတဲ့
ဆယ်စုနှစ်တစ်စု ကြာနေခဲ့ဟန်ရှိတဲ့
မြို့ငယ်လေးရဲ့ သူနာပြုဟောင်း
ဆရာမကြီးတစ်ယောက်သာ
ဝူးဝူးလေးတို့အကြောင်းကို သိတယ်ထင်းထင်း အမေ ဟာ တော်တော်ကို
ဒုက္ခ ရောက်ခဲ့တယ်
ကလေး တစ်ဖက်နဲ့အလုပ်တွေလိုက်လုပ်ရတာ
ကြောင့် ဝူးဝူးလေးကိုသေချာဂရုမစိုက်နိုင်တဲ့အကြောင်း
ဝူးဝူး ဟာ ငယ်ငယ်ကတည်းကချုချာတဲ့ကလေး
ဖြစ်ကြောင်း
နောက်ဆုံး အကြွေးတွေတက်ကာ
ထွက်ပြေးသွားရတဲ့အကြောင်း
အားလုံးကိုသိခဲ့ရတယ်
တစ်နေ့လုံး တစ်ငိုငို တစ်ရီရီ ဖြစ်နေတဲ့
ထင်းထင်းဟာ စိတ်ကိုလွတ်ချလိုက်ပုံပဲ
STAI LEGGENDO
Night Blooming Jasmine
FanfictionJasmine သို့မဟုတ် စိန်ဖလူး ပန်းငယ်လေးတွေရဲ့ မြေပြင်ပေါ် ကြွေကြရခြင်းမှာ သူတို့ သိပ်ချစ်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်တယ် ကျွန်တော်ဟာ Jasmine ပန်းလေးဆိုရင် ဟွန်းက နေရောင်ခြည်ပဲ