( Gongjin မြို့ကို စိတ်ကူးဖြစ်
ရေးသားထားခြင်းသာဖြစ်သည် )လေယူရာ ယိမ်းနွဲ့နေကြတဲ့
အဝါရောင်ပန်းခင်းကြီးကိုတွေ့တော့
ဆောနူကို ပြရင် လှည့်ကြည့်လိုက်သည်
" ဟွန်း သွားတဲ့လမ်းမှာလေ
အဝါရောင်ပန်းခင်းကြီးတွေဆီရောက်ရင်
ပြောနော် " ဆိုပြီး ပူစာလာတဲ့
ကောင်လေးဟာ လမ်းအကြာကြီး စီးလာ
ရတာကြောင့် ခရီးပန်းပြီးအိပ်ပျော်နေသည်ပြတင်းပေါက်ကို မှီကာ အိပ်ပျော်နေတဲ့
ကောင်လေးငယ်ဟာ ချစ်စရာကောင်းလှတယ်
ဆောင်းဟွန်း မနေနိုင်စွာ မောင်းနေတဲ့
ကားကို လမ်းဘေးချရပ်ပြီး
ကားခါးပတ်ကိုဖြုတ်ကာ ဆောနူထံသို့ကပ်ရင်း
မျက်နှာ နုနုလေးပေါ်မှာ ကျနေတဲ့
ဆံပင်တွေကို ဖယ်ရှားလိုက်တယ်
Lavender ရနံလေးသင်းနေတဲ့ဆံပင်လေးကို
နမ်းရှိုက်လိုက်ပြီး ပါးဖောင်းတို့ကို
လက်ဖြင့်တို့ထိကာ" ကိုယ်မင်းကိုလျစ်လျူရှု့ခဲ့တာတွေ
အတွက်တောင်းပန်ပါတယ်
မင်းနဲ့မအပ်ဆက်တဲ့ မျက်ရည်စီးကြောင်းတွေပဲ
ကိုယ်ကဖန်တီးပေးနိုင်ခဲ့တာ
အရုပ်လေးရေ ကိုယ်မင်းကိုချစ်နေပြီထင်တယ် "ထိုစကားတွေကို ကာယကံရှင်မျက်နိုင်ချင်း
ဆိုင်ပြီးပြောရင် မျက်နှာပြောင်တိုက်ရာ
ကျလွန်းမနေဘူးလား
ကိုယ် ဒီစကားတွေကို တစ်ရက်
သေသေချာချာလေးပြောပြမှာပါ
အခုတော့ တီးတိုးလေးပဲ ပြောထားပါရစေပါးပြင်ပေါ်သို့ အနမ်းများစွန့်ကြဲကာ
နှုတ်ခမ်းနုနုလေးကို ဖွဖွ နမ်းလိုက်သည်ဆောနူ မျက်လုံးပေါ်က စူးရှရှ နေရောင်ချည်ကြောင့်
နိုးလာခဲ့တယ် မထချင်သေးတာကြောင့်
ဒီဘက်ကို လှည့်ရင်း ပြန်အိပ်မယ်လုပ်တော့
ဘေးခုံမှာ ထိုင်ကာ မျက်တောင်မခက်
ကြည့်နေတဲဟွန်း
ဟမ် ဒါဆို သူကားရပ်ထားတာပေါ့
Gongjin တောင်ရောက်နေပြီလား
ဆက်တိုက် ဆက်ကြည့်နေတာကြောင့်
အိပ်နေရာကနေ ခါးမက်လိုက်ပြီး" ဟွန်း ဘယ်ရောက်. "
စကားတောင်ဆုံးအောင်မပြောနိုင်ပဲ
ဟွန်းနောက်က အဝါရောင်ပန်းခင်းတွေ
စီအကြည့်ရောက်သွားသည်
ခါးတွင်ချိတ်တွယ်ထားတဲ့ ကားခါးပတ်ကို
ဖြုတ်ကာ ပြေးဆင်းမိတယ်
YOU ARE READING
Night Blooming Jasmine
FanfictionJasmine သို့မဟုတ် စိန်ဖလူး ပန်းငယ်လေးတွေရဲ့ မြေပြင်ပေါ် ကြွေကြရခြင်းမှာ သူတို့ သိပ်ချစ်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်တယ် ကျွန်တော်ဟာ Jasmine ပန်းလေးဆိုရင် ဟွန်းက နေရောင်ခြည်ပဲ