Ep_3 (Unicode)

183 14 0
                                    

" Pa Pa သားလေးကအရမ်းတော်တာဘဲ ဒီနှစ်လည်းဆုရပြန်ပြီ "

ချီးကျူးသံတွေ အားပေးသံတွေ ကြားခဲ့ရတာ ဘာလိုလိုနဲ့ ငါးနှစ်တောင်ပြည့်ပါကောလား ဆယ်နှစ် ~ ဆယ်နှစ်သားတစ်ယောက်ရဲ့ဆုတစ်ဆုဟာအဲ့
လောက်ထိပျော်ရွှင်စေနိုင်ခဲ့မှန်းကျွန်တော်မသိခဲ့ပါလား

" Pa Pa တို့မိသားစုဒီနေ့ညစာကိုအပြင်ထွက်စားရအောင် သားလေးကြိုက်တာမှန်သမျှ Pa Pa ဝယ်ကျွေးမယ် "

" Fan Fan ကိုကောခေါ်ရမှာလား Fan Fan ပါမှသွားချင်တာ "

အပိုတွေသိပ်လုပ်ပြန်ပြီ Park Chanyeol မင်းရဲ့ဟန်ဆောင်ပြီးသိပ်ချစ်တတ်သယောင်ဆောင်တာတွေကိုငါမုန်းပါတယ်ဆို

" ငါကဘာလို့လိုက်ရမှာလဲ Park Chanyeol မင်းကိုဂုဏ်ပြုတဲ့ပွဲကိုငါကလိုက်ပေးစရာလား မင်းတို့မိသားစုဘာသာသွားချင်တဲ့နေရာသွားကြ "

" Fan Fan ပါမှသွားချင်တာ Fan Fan မပါရင် သားသားလုံးဝမသွားဘူး Pa Pa "

" Wu Yi Fan ကလေးကမင်းလိုက်မှသွားမယ်ပြောနေတာမကြားဘူးလား တစ်ခါတစ်လေလိုက်ခဲ့တော့
ဘာဖြစ်သွားမှာမို့လဲ ငါကလိုက်ဆိုလိုက်ခဲ့ "

" ကျွန်တော့်ကိုအမိန့်လာမပေးနဲ့ Pa Pa ~ Pa Pa မှာအမိန့်ပေးခွင့်မရှိသလို ကျွန်တော်လည်း
လိုက်လုပ်စရာမလိုလောက်ဘူးထင်တယ် "

" တောက် Wu Yi Fan ငါလုပ်လိုက်ရရင်တော့မင်းတော့သေတော့မယ် "

ရိုက်လိုက်စမ်းပါ Pa Pa ကျွန်တော့်ကိုနာကျင်အောင်လုပ်လိုက်စမ်းပါ Pa Pa ရဲ့အပြု အမူတွေကိုအသုံးပြု
ပြီးကျွန်တော့်အမုန်းတွေကိုလောင်စာထပ်ဖြည့်ပေးချင်လို့

" ကိုကြီးရယ် သားကြီး Yi Fan ကမလိုက်ချင်လို့နေမှာပေါ့ သားငယ်လေးကလည်းမဆိုးနဲ့တော့ သားလေးကြောင့်အခု Fan Fan ကရိုက်ခံရတော့မယ် သားလေးဘဲ Fan Fan ရိုက်ခံရတာကိုမကြိုက်ဘူးဆို "

" Fan Fan မလိုက်ချင်ရင်လည်းနေပါစေ Pa Pa ရယ် Fan Fan ကိုတော့မရိုက်ပါနဲ့ "

သြော် သြော် ဂရုဏာရှင်သားမိနှစ်ယောက်ကငါ့အတွက်ဝိုင်းပြောပေးနေကြရှာတာကိုး သိပ်ကိုကောင်းလွန်းပါတယ် အဖေအရင်းခေါက်ခေါက်ကနောက်မိန်းမသားအတွက်ကိုယ့်သားအရင်းကိုရိုက်နှက်ချင်နေတာ

ကျိန်စာWo Geschichten leben. Entdecke jetzt