Ep_6

6.7K 646 55
                                    

ကျွန်တော့်ကိုသိမ်းကျုံးဖက်ကာကလေးတစ်ယောက်လိုရှိုက်ကြီးတငင်ငိုနေသော Xiao lu ကြောင့်ကျွန်တော်ပါအလိုလိုဝမ်းနည်းလာရသည်

လွမ်းနေခဲ့တာ သတိရနေခဲ့တာ Xiao lu ~

" ခုမှ ခုမှတစ်နှစ်ကြီးတောင်အကြောင်းမကြားဘာမကြားနဲ့ ငါမင်းများတစ်ခုခုဖြစ်ပြီထင်နေတာ တော်သေးတယ် ပြန်တွေ့ရလို့ "

" ငါလည်းသတိရနေတာ Lu "

" ညာတယ် ညာတယ် မင်းညာတယ် Chanyeol အနည်းဆုံးတော့ငါ့စီဖုန်းတစ်ခါလောက်ဆက်သင့်တာပေါ့ "

" ဟုတ်ပါပြီ Lu ရယ် "

ကျွန်တော့်ကိုနောက်တစ်ခါလွတ်ထွက်သွားမည့်အလားတင်းကျပ်စွာဖက်နေသော Lu ကိုကျွန်တော်သည်
လည်းဆံပင်ထူထူအိအိလေးများရှိရာသူ၏ခေါင်းလေးကိုဖွဖွလေးပွတ်ပေးမိသည်

သတိလွတ်သွားမိတာ ခဏလေးလေးအပျော်လွန်ပြီးမေ့သွားမိတာ Fan Fan ကျွန်တော့်ဘေးတွင်ရှိနေသည်ဆိုတာကို

" ဝင် ကားထဲကိုဝင်လို့ ငါပြောနေတယ်လေ "

" Fan Fan ကျွန်တော်အခုမှကျောင်းလာတာလေ အတန်းတက်ရမှာပေါ့ "

" Wu Yi Fan ခင်ဗျားကြီးတော်တော်လွန်နေပြီနော် Chanyeol ကိုနှိပ်စက်တာတွေများနေပြီ "

" ငါ့ဘာသာနှိပ်စက်သည်ဖြစ်စေ မနှိပ်စက်သည်ဖြစ်စေ မင်းနဲ့ဆိုင်သလား သူကကျေနပ်နေတာလေ မင်းကဘာဝင်နာနေတာလဲ "

" သူကကျေနပ်နေတာမဟုတ်ဘူး ကိစ္စတိုင်းကိုသည်းခံပေးနေတာ သူသည်းခံတယ်ဆိုတိုင်းခင်ဗျားရောင့်
တက်မနေနဲ့ "

" အောင်မာ လက်တောက်လောက်လေးတွေက လူပါးဝလို့ "

" ခင်ဗျားကြီးကအသက်သာကြီးတာလေ အချိန်မစီးတဲ့ သူကြီး ခင်ဗျားကကျွန်တော်တို့ထက်ဆယ်နှစ်တောင်
ကြီးတာလေ နည်းနည်းအသိဥာဏ်ပိုရှိပါလား "

" တော် တော်ကြပါတော့ ကျွန်တော့်ကို Fan Fan နဲ့
ပြန်လိုက်စေချင်တာမဟုတ်လား ရတယ် ကျွန်တော်ပြန်လိုက်ခဲ့မယ် Lu လည်းစိတ်လျော့တော့ နောက်မှငါတို့
ပြန်တွေ့ကြမယ် ဟုတ်ပြီလား "

် ဒီနေ့တော့ဘယ်လိုဆိုးဝါးတဲ့ Fan Fan ရဲ့ဒေါသတွေ နဲ့တွေ့ကြုံရမှာပါလိမ့်

ကျိန်စာWhere stories live. Discover now