Ep_4

7.7K 662 34
                                    

" ကလင် ကလင် "

နှိုးစက်လေးတောင်မြည်နေပြီဘဲ Fan Fan အတွက် ကျွန်တော့်ရဲ့တစ်နေ့တာလေးစတင်ရတော့မှာပေါ့

4 နာရီဆိုတာစောလွန်းတယ်ဆိုပေမယ့် Pa Pa နဲ့Ma Ma မရှိတဲ့နောက်ပိုင်းစောစောစီးစီးထခဲ့ရတာ
ဆိုတော့ကျွန်တော့်အတွက်အကျင့်ဖြစ်နေပါပြီလေ

Fan Fan စားဖို့မနက်စာချက်ပေး ကျောင်းမသွားခင် တစ်အိမ်လုံးကိုသန့်ရှင်းရေးလုပ် အိမ်အကူမခေါ် နဲ့ "မင်းဘာသာလုပ်ရမည် " ဆိုတဲ့ Fan Fan ရဲ့အမိန့်တစ်ခုအောက်မှာတင် ကျွန်တော်ကဘာများလွန်ဆန်ရဲမှာတဲ့လဲ

" ဟော Fan Fan တောင် အပေါ်ထပ်ကဆင်းလာပြီ "

တလှမ်းချင်း တလှမ်းချင်း လျှောက်လာတိုင်းမှာ Fan Fan ကသိပ်ကိုပြီးပြည့်စုံလွန်းလှပါတယ်
ဆံပင်ကိုလှန်တင်ထားသော နဖူးလေးဟာလေ မကျယ်လွန်း မကျဉ်းလွန်းနဲ့ အနက်ရောင်အနောက်တိုင်းဝတ်စုံ
လေးဟာအသားဖြူလွန်းလှတဲ့ Fan Fan နဲ့တကယ့်ကိုလိုက်ဖက်လွန်းစွာ

တကယ်ဆိုကျွန်တော့်ရဲ့ Fan Fan ကနတ်သားလေးတစ်ပါးလို ~

" ဘာရပ်ကြည့်နေတာလဲ "

" မင်းကိုငါဒါမကြိုက်ဘူး မစားဘူးလို့ပြောထားတယ်လေ မင်းဟာလေတော့်တော့်ကိုဦးနှောက်နည်းတာဘဲ "

" Fan Fan ဘဲ ဟိုနေ့တုန်းကတော့ဒါဘဲစားမယ် ဆို "

" ပြန်မပြောနဲ့ Park Chanyeol အဲ့ဒီအချိုးတွေပြင်လိုက် ငါရှာကျွေးတဲ့ထမင်းစားပြီးကောင်းကောင်း မွန်မွန်နေ "

4 နာရီလောက်တည်းကထချက်ထားတဲ့အစားအသောက်တွေဟာ ခုတော့ Fan Fan အမှိုက်ပုံးထဲ
ထည့်ဖို့ဖြစ်သွားပါရောလား

ရပါတယ် Fan Fan ရယ် ဒီလိုအပြု အမူမျိုးဆိုတာနေ့တိုင်းလိုလို Fan Fan လုပ်နေကြဘဲဟာကျွန်တော့်အတွက်ကျင့်သားရနေပါပြီလေ

" နောက်ထပ်စားဖို့တစ်ခုခုထပ်လုပ်လိုက် "

" နောက်ထပ် တစ်မျိုး "

သုံးကြိမ်မြောက်ပြန်လုပ်ပေးအပြီး သုံးကြိမ်မြောက် အစားအစာမှန်သမျှအမှိုက်ပုံးထဲရောက်အပြီး
Fan Fan ရဲ့မနက်ခင်းလေးစိတ်ကျေနပ်သွားသည်ထင်

ကျိန်စာWhere stories live. Discover now