" အာ့ဆိုကျွန်တော်တို့ခရီးသွားရမှာပေါ့နော် ဘယ်ကိုသွားကြမလဲဟင် ဦးလေးကြီး "
" ကလေးကဘယ်သွားချင်လို့လဲ "
" ဦးလေးကြီးသွားချင်တဲ့နေရာသွားပေါ့ ဦးလေးကြီးသွားတဲ့နေရာမှန်သမျှလိုက်မှာဘဲ "
ကလေးဟာပျော်လွန်းလို့ခုန်ပေါက်နေတယ် ကျွန်တော့် ရင်ခွင်ထဲကိုပြေးဝင်လာလိုက် ပြန်ထွက်သွားလိုက်နဲ့တစ်အိမ်လုံးအနှံ့ပြေးလွှားခုန်ပေါက်လို့
ဟုတ်တယ် ကလေး ကိုတို့ဒီအတိုင်းလေးဘဲပျော်ပျော်ရွှင်ရွှင်နေသွားကြရအောင် ~~~~~~~~
" အိပ်တော့လေ ကလေးရဲ့ "
" အိပ်မပျော်ဘူး ဦးလေးကြီးရ နက်ဖန်ခရီးသွားရမှာဆိုတော့ရင်ခုန်နေလို့ "
ကလေးဟာတကယ့်ကိုပျော်နေရှာတာ အိပ်ဆိုတော့လည်းမအိပ် သူအရမ်းကိုပျော်နေလို့တဲ့လေ
" အိပ်လေကလေးရဲ့ တော်ကြာခေါင်းမူးနေလိမ့်မယ် အိပ်တော့နော် "
" ဦးလေးကြီးလည်းအိပ် "
" ကဲအိပ်ပြီ ကလေးလည်းအိပ် "
ကလေးကိုမလှုပ်နိုင်အောင်တင်းကျပ်စွာဖက်ထားလို့အတင်းဇွတ်မှိတ်အိပ်ပစ်ရတယ်လေကလေးပြောသလို ကိုလည်းအပျော်လွန်ပြီးအိပ်မရ
ဖြစ်နေလို့ ..............." သီချင်းဖွင့် သီချင်းဖွင့် "
" ကလေးကားစီးရတာကိုလုံးဝမကြောက်ဘူးလားဟင် ကလေးကြောက်နေလားဟင် "
" မကြောက်ပါဘူး ဦးလေးကြီးဘေးမှာရှိနေတဲ့ဟာကို "
ကလေးဟာလေ ကျွန်တော့်လက်မောင်းတစ်ဖက်ကိုသူ့လက်လေးနဲ့လာကိုင်လို့သေချာတောင်ရှင်းပြနေသေး သူမကြောက်ဘူးဆိုတဲ့အကြောင်းကိုသူတကယ်မကြောက်ဘူးထင်ပါတယ် ကျွန်တော်မောင်းလာတဲ့ကားပေါ်မှာသူကအခန့်သားအေးဆေးထိုင်လို့
ကံကြမ္မာဟာဘယ်တုန်းကမှ Wu Yi Fan ကိုကောင်းကျိုးမပေးခဲ့ပါ ~~~~~~~~~~~
China ကိုသွားတဲ့အဝေးပြေးလမ်းမတစ်လျှောက်ကားလေးကိုမှန်မှန်မောင်း၍အချစ်ခရီးလမ်းလေးစတင်
ခဲ့ပါသော်ည်း ...
YOU ARE READING
ကျိန်စာ
Romanceကျိန်စာကိုဖန်တီးတဲ့သူက သူဆိုတဲ့နတ်ဆိုးဖြစ်နေတော့လည်း ကျွန်တော်ဒီကျိန်စာထဲကထာဝရမလွတ်မြောက်ချင် တော့ဘူး ##### Krisyeol *******