Ep_13 (Unicode)

194 12 0
                                    

" ဦးလေးကြီး "

" ကလေးကကို့ကိုစောင့်နေတာလား "

" ဟုတ်တယ် ဘယ်မှာလဲ မုန့် "

" ဝယ်လာတယ်လေ ဒါပေမယ့် "

ပါးကိုထိုးပြတာကို ကလေးစုတ်မသိချင်ယောင်ဆောင်နေသေးတယ် မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်နေပြီးတော့

" မပေးဘူးနော် "

" ပေးပါဆို ဦးလေးကြီးကတကယ်စိတ်ပုတ်တယ် "

" ကလေးကဝယ်ပေးခတော့ပေးရမှာပေါ့ ကိုကဝယ်လာရတဲ့ဟာကို "

တစ်ချက်စဉ်းစားသလိုလုပ်ပြီးမှဘေးနားကိုရောက်လာတယ် ဆူဆောင့်ပြီးတော့မှချစ်စရာကောင်းတဲ့နှာခေါင်းချွန်ချွန်လေးဟာကျွန်တော့်ပါးပြင်မှာနစ်လို့

" ပေးတော့ အခုပေးတော့ "

" ကလေးကမနမ်းချင်သလိုမနမ်းချင်သလိုနဲ့ အဲ့ဒီတော့မပေးဘူး "

" ဦးလေးကြီးတကယ်မပေးဘူးလား မပေးရင်ငိုမှာနော် "

ငိုနေတဲ့ကလေးဟာသိပ်ကိုချစ်ဖို့ကောင်းလွန်းတယ် ပါးဖောင်းဖောင်းလေးတွေနဲ့နှာခေါင်းလေးဟာလေ နီရဲလို့ ရှိုက်ကြီးတငင်နဲ့ကိုအားရပါးရငိုနေတာ

" စတာပါ ကလေးရယ် တိတ်တော့ မစတော့ဘူးဟုတ်ပြီလား "

" ဦး ...လေး ...ကြီး ...က...စိတ် ...ပုတ် ...တယ် "

ငိုနေရင်းနဲ့ကို တစ်လုံးချင်းရှိုက်ရှိုက်ပြီးပြောနေသေးတာ ကလေးစုတ်လေး ချစ်လို့စတာကို တကယ်မှတ်
ပြီးငိုနေလိုက်သေးတယ်

" တိတ်တော့ စတာကို တိတ် တိတ် "

" အားးးးးးးးး "

" ခွေးစုတ်လေး ကိုက်ပစ်တယ် နာလိုက်တာဆိုတာ "

သူ့ကိုဖက်ထားတဲ့လက်ကိုကိုက်ပစ်တာလေ အဲ့ကလေးဟာတကယ့်ကိုခွေးလေးနဲ့တူတယ် ကျွန်တော့်ကိုအမြဲ
တမ်းရရင်ရသလိုကိုက်လိုက်ရမှ

စောစောစီးစီးသူအိပ်ယာနိုးပြီးကျွန်တော်မနိုးသေးရင်လည်းကျွန်တော့်နားရွက်တွေကိုကိုက်ပစ်တယ်
သူစားဖို့မနက်စာလုပ်ပေးရင်လည်းနောက်ကနေပခုံးကိုလာကိုက်တယ်
ညနေကုမ္ပဏီကပြန်လာရင်လည်းနောက်ကျလို့ဆိုပြီးစိတ်ကောက်ပြီးကိုက်ပစ်တယ်

ကျိန်စာWhere stories live. Discover now