Ep_8 (Unicode)

161 13 0
                                    

ကျွန်တော့်မှာနှလုံးသားမှမရှိတော့ဘဲ Fan Fan နေရထိုင်ရတာအဆင်ပြေပါတော့မလား နေ့တစ်နေ့ပြီးဆုံးလို့နောက်ထပ်နေ့တစ်နေ့ထပ်ရောက်လာမှာကျွန်တော်ကြောက်နေမိပြီ

အနီးဆုံးမှာရှိနေလျက်နဲ့ တစ်အိမ်ထဲမှာအတူတူရှိနေလျက်နဲ့ Fan Fan ဆိုသည်မှာကျွန်တော်နဲ့ကမ္ဘာ အထပ်ထပ်ခြားနေသည့်သူသာ ~

" Park Chanyeol နက်ဖန်ငါနဲ့ Lu လျှောက်သွားမလို့ ထမင်းချိုင့်ထည့်ထားပေး Lu ကြိုက်တတ်တဲ့
အစားအစာတွေဘဲဖြစ်ပါစေနော် "

" Lu က Sea food ကြိုက်တာ Fan Fan က Sea food နဲ့ဓာတ်မတည့်ဘူးလေ "

" Lu ကြိုက်တာလုပ်ပေးလို့ငါပြောနေတာလေ မင်းကို ငါနဲ့ဓာတ်တည့်တာ မတည့်တာမေးနေတာမဟုတ်ဘူး "

" မဟုတ်ဘူး Fan Fan တစ်ခုခုဖြစ် ... "

" ဟာ စကားကိုရှည်လိုက်တာကွာ ငါခိုင်းသလိုဘဲလုပ်ပြန်ပြောမနေနဲ့ "

ကိုယ့်ကိုတိုင်ထက် Fan Fan ကိုပိုဂရုစိုက်တတ်တာအကျင့်ပါလွန်းသောစိတ်ကိုအပြစ်တင်ရုံကလွဲ၍ .........

အဖြူရောင်ကိုအလွန်တရာနှစ်သက်သော Lu သည် ကားကိုပင်သူသိပ်ကြိုက်သောအဖြူရောင်လေးနှင့်
ခြံထဲသို့မောင်းဝင်လာလေသည်

" Chanyeol ဘာရပ်ကြည့်နေတာလဲ လိုက်ခဲ့လေ မင်းနဲ့လျှောက်မသွားရတာတောင်ကြာပြီ "

" မလိုက်တော့ပါဘူး Lu ရာ မင်းတို့နှစ်ယောက်ဘဲ အေးဆေးသွားကြပါ "

" မင်းမပါဘဲငါဘယ်နှစ်ခါသွားဖူးလို့လဲ မရဘူး ဘာလဲ မင်းက Zhang Han မပါလို့လား ဒါဖြင့်ရင်လည်း
သူ့ကိုပါခေါ်သွားကြမယ်လေ "

" Park Chanyeol မင်းကဘာစကားရှည်နေတာလဲ Lu ကလိုက်စေချင်ရင်လိုက်မယ်ပြောလိုက်လေ "

" Ge ကလည်း Zhang Han ကိုပါခေါ်လိုက်လေ ကားလည်းဆန့်တာဘဲဟာကို "

" အာ ရှုပ်ရှုပ်ယှက်ယှက် မခေါ်ချင်ပါဘူး Lu ရာ Park Chanyeol တစ်ယောက်နဲ့တင်တော်တော် ရှုပ်နေပြီ "

ဘယ်လိုစကားလုံးတွေနဲ့များထိုးနှက်ဖို့ကျန်ပါသေးလဲ Fan Fan ကျွန်တော့်ကအမြဲတမ်းအရှုံးသမားတစ်
ယောက်ပါ အနိုင်ပေးစရာကလည်းကျွန်တော့် နှလုံးသားအပြင်အဘယ်ကဲ့သို့သောအရာထပ်လိုချင် သေးပါသလဲ ?

ကျိန်စာWhere stories live. Discover now