Ep_10 (Unicode)

191 16 0
                                    

ထွက်သွားဖို့ဆိုသည်မှာသေချာဆုံးဖြတ်ခဲ့သော်ငြား လည်းလက်တွေ့လိုက်နာရန်ခက်ခဲလွန်းသည်လေ

ကျွန်တော်ချစ်သော Fan Fan အပါအဝင် ဒီနေရာ ဒီပတ်ဝန်းကျင် ဒီအိမ်လေးနဲ့အသားကျခဲ့တာငါးနှစ်
သားအရွယ်တည်းကမဟုတ်လား

ထွက်ပြေးချင်ပေမယ့် ရုန်းထွက်ချင်ပေမယ့် ကျွန်တော့်ခြေလှမ်းတွေကိုဖမ်းချုပ်ထားနေကြသလိုလိုကျွန်တော်လည်း Fan Fan နဲ့အဝေးဆုံးကိုထွက်သွားချင်ပါ့မလား

လွန်ဆွဲနေတဲ့ဦးနှောက်နဲ့နှလုံးသားအကြားကျွန်တော် ပင်ပန်းလွန်းလှပြီ ကျွန်တော်ရှိနေရင်နာကျင်ရမယ့်သူဟာ Fan Fan ဖြစ်နေတော့လည်း

ငိုနေတဲ့နှလုံးသားကိုမျက်ကွယ်ပြုလို့ဦးနှောက်ကိုအနိုင်ပေးရင်းကျွန်တော့်ဆုံးဖြတ်ချက်တွေပိုပြီးခိုင်မာလာခဲ့ရတော့တယ် ~

ကျွန်တော် Fan Fan ရဲ့အိမ်လေးကိုသေချာသန့်ရှင်းရေးလုပ်ပေးမိတယ် ဒီရက်ပိုင်းလေးအတွင်းဘဲနေခွင့်ရှိတော့မှာမဟုတ်လား

အစားအသောက်တွေဆိုလည်း Fan Fan ဘယ်လောက်ဘဲသွန်ပစ်သွန်ပစ်ကျွန်တော်တစ်ခွန်းတစ်လေမှမငြီူးငြူ မိတော့ဘူး ဒီအတောအတွင်းလေးဘဲ Fan Fan နဲ့ကျွန်တော်တွေ့ရတော့မှာမဟုတ်လား

" Park Chanyeol မင်းကဘာလို့မျက်ရည်ကျနေရတာလဲ ဘာလဲဟ ရူးနေတာလား "

ရူးသွားချင်ပြီ ကျွန်တော်တကယ့်ကိုရူးသွားချင်ပြီ Fan Fan

" ဟိတ်ကောင် မေးနေတာကိုမဖြေပြန်ဘူး အချိုးမပြေ ချက်ကတော့ "

ဘယ်လောက်ဘဲဆူဆူ အကြောင်းပြချက်ပေးတတ်တဲ့ထိုကောင်လေးဟာထူးဆန်းစွာဘာမှပြန်မတုံ့ပြန်

ကျွန်တော်ခိုင်းသမျှကိုလည်း မငြီးမငြူ လုပ်လို့ တစ်အိမ်လုံးကိုလည်းသေချာရှင်းလင်းနေသည်လေ မကြာခင်ဟိုးအဝေးဆုံးကိုထွက်သွားတော့မယ့်သူလို

" Zhang ငါလေ Beijing ကနေထွက်သွားချင်ပြီ "

ဒီတစ်လောကလုံးမှာကျွန်တော်အပူကပ်ပြီးတိုင်ပင် စရာဆိုလို့ Zhang ဘဲရှိတာလေ

" နောက်မနေစမ်းပါနဲ့ Chanyeol ရာ "

" ငါတကယ်ပြောနေတာ Zhang ငါဒီမှာမနေချင်တော့ဘူး "

ကျိန်စာDove le storie prendono vita. Scoprilo ora