Ep_11 (Unicode)

178 14 0
                                    

အပြင်ထွက်ပြီး Chanyeol ကိုပိတ်ထားတဲ့အခန်းထဲပြန်ဝင်လာတော့ထိုကလေးကကြမ်းပြင်ထက်မှာခွေခွေလေး

မတတ်နိုင်ဘူး Chanyeol ငါကမှမင်းကိုထွက်သွားဖို့ခွင့်မပြုနိုင်ဘဲ ဆံပင်လေးတွေကိုကိုင်ကြည့်ဖို့လက်လှမ်းရုံဘဲရှိသေး ခန္ဓာကိုယ်လေးကအနည်းငယ်လှုပ်လာလေရဲ့

" Fan Fan "

ဒီတစ်ခါတော့ဟိုအကောင့်နာမည်ထွက်မလာပါလားတွေးလို့မှမဆုံးသေး

" Zhang တော်တော်ထိသွားမှာ Fan Fan "

" အဲ့ဒီတော့ "

" သူကမောင်းတဲ့သူမဟုတ်လား သူအခြေအနေကောင်းရဲ့လားဆိုတာသိရအောင်ကျွန်တော်သူ့ကိုခဏလေးဘဲတွေ့ချင်လို့ပါ "

" သူ့ထိုက်နဲ့သူကံလေ မင်းနဲ့မှမဆိုင်ဘဲ သွားမကြည့် ရဘူး "

" Fan Fan "

" ငါဒေါသမထွက်ချင်ဘူး Chanyeol ငါကမသွားရဘူးဆိုမသွားနဲ့ပေါ့ မင်းကဘာကိုထပ်ရှည်ချင်သေးတာလဲ "

" ကျွန်တော် Fan Fan ထားရာနေ စေရာသွားလုပ်ပြီးခဲ့ပြီးပြီဘဲ ပြီးတော့ Zhang ကကျွန်တော်တန်ဖိုးအထားရဆုံးသူ ကျွန်တော်သူ့ကိုသွားမကြည့်
ဘဲမနေနိုင်ဘူး "

" ဘာဖြစ်တယ် Chanyeol သူကမင်းတန်ဖိုးအထားရဆုံးသူဟုတ်လား "

" ဟုတ်တယ် ဘာလဲ Fan Fan ကသူနဲ့ပါတွဲချင်လို့လား ကျွန်တော်ရဲ့အနီးဆုံးမှာရှိတဲ့သူမှန်သမျှကို Fan Fan ဆွဲထုတ်ချင်နေတာ ကျွန်တော့်ကိုတစ်ယောက်တည်းဖြစ်စေချင်နေတာ "

" တောက် တော်တော့ မဟုတ်ရင်ငါလက်ပါမိတော့မယ် "

" ရိုက်လိုက် Fan Fan ကြိုက်သလောက်သာရိုက်ပြီးရင်တော့ကျွန်တော့်ကို Zhang စီလိုက်ပို့ပေးပါ "

" တော်တော့ နောက်တစ်ခါဆိုငါတကယ်မင်းကိုသတိလစ်သွားအောင်ကိုရိုက်မိလိမ့်မယ် "

" အဲ့ဒါဆိုလည်း Fan Fan စိတ်ကြိုက်ရိုက်လိုက်ပါပြီးရင်တော့လိုက်ပို့ပေးပါနော် "

ကျိန်စာWhere stories live. Discover now