Ep_19

7.6K 583 12
                                    

" Chanyeol ငါ ငါ အပြင်ခဏပြန်ထွက်
လိုက်ဦးမယ် "

" Lu ခဏနေဦး တလွဲမထင်နဲ့ ပြန်လာခဲ့ဆို "

" ထတော့ Wu Yi Fan စုတ်ကြီး ထတော့လို့ဆိုနေ "

" ဘာလိုဖြစ်နေတာလဲကလေးရာ အိပ်ရေးမဝသေးဘူး ကလေးလည်းပြန်အိပ် "

ဒီလူကြီးဟာလေ တကယ့်ကိုသနားဖို့မကောင်းတဲ့ဟာကြီး ညက " ကိုအိပ်မပျော်ဘူး ကလေးရယ် ဆေးရုံကုတင်ပေါ်မှာတစ်ယောက်တည်းအိပ်နေရတာပျင်းစရာကြီးကွာ " ဆိုပြီးမျက်လုံးတွေပေကလပ် ပေကလပ် လုပ်ကာသနားစဖွယ်ပြောလေတော့လည်း

အသည်းမခိုင်တဲ့ Park Chanyeol ခမျာ တစ်ယောက်အိပ်ကုတင်လေးထက်မှာပြုတ်မကျရုံတမယ် အတင်းပူးကပ်အိပ်ပေးလိုက်ရတယ်

ကျွန်တော့်ကိုအတင်းဖက်ကာအိပ်နေတဲ့ Wu Yi Fan ကိုတွေ့သည်နှင့်မနက်စောစောလူနာလာကြည့်တဲ့ Xiao lu လည်းတစ်ချိုးတည်းပြန်လစ်ပြေးလေပြီထင်ပါရဲ့

ဒင်းကြီးကတော့ Lu လာသွားသည်ကိုမသိ အတင်းပင်ကျွန်တော့်ကိုသူ့ရင်ခွင်ထဲထိုးထည့်ကာ ပြန်အိပ်ခိုင်းနေပြန်သည်လေ

" ဟာာာ ထပါတော့ဆို လူမြင်မကောင်းဘူးကုတင်ပေါ်မှာလူနှစ်ယောက်နဲ့ ပြုတ်ကျတော့မယ်ကျပ်လိုက်တာဆိုတာလည်းပြောမနေနဲတော့ဘဲ "

" ကလေးစုတ်လေး နားငြီးလာပြီကွာ ပါးစပ်ကိုကိုယ့်ဘာသာပိတ်မလား ပိတ်သွားအောင်လုပ်ပေးရမလားပြော "

ပွစိ ပွစိပြောလိုက် မျက်စောင်းတွေပိတ်ထိုးလိုက်တလှုပ်လှုပ်တရွရွလုပ်လိုက် မျိုးစုံလုပ်ပြနေသောထို
ကလေးကိုအတင်းကိုဖိပြီးဖက်ထားလိုက်မှငြိမ်သွားတော့တယ်

ဆူပုတ်နေပေမယ့် စကားသံတိုးတိုးလေးတောင်ထွက်မလာတော့ ကလေးကကြောက်သည်လေ ပါးစပ်
ပိတ်အောင်လုပ်မယ်လို့ခြိမ်းခြောက်ထားရှာတော့ ဘာတစ်ခွန်းမှကိုမပြောရဲတော့တာ

တကယ့်ကိုဖြူ စင်လိမ္မာလွန်းတဲ့ကလေးလေး ~

" ကျွန်တော်မွန်းလာပြီ နည်းနည်းလွှတ်ပေးဦး "

" ကြည့် အသံထွက်လာပြန်ပြီ ခြိမ်းခြောက်ထားတဲ့အတိုင်းလုပ်လိုက်ရမလားပြော "

ကျိန်စာWhere stories live. Discover now