Ep_2(Unicode)

219 17 0
                                    

" Pa Pa "

အံ့သြစရာကောင်းလိုက်ပုံများ သူ့အဖေအရင်းမဟုတ်တဲ့သူကို Pa Pa တဲ့ အမေကောသားကောလိုက်ပါပေတယ် ကြောက်စရာကောင်းတဲ့မာယာတွေအပြည့်နဲ့

" Pa Pa အာ့ဆိုသူကသားသားအကိုပေါ့နော် "

" အင်းပေါ့ သားလေးရဲ့ "

Pa Pa ကသူ့ကိုသားလေးလို့သုံးနှုန်းလိုက်တာလား ကျွန်တော့်ကိုတော့ဖြင့် Wu Yi Fan တဲ့ တကယ်ဆိုကျွန်တော်က Pa Pa သားအရင်းခေါက်ခေါက်ပါ တစ်ခါလေးတောင်ကျွန်တော့်ကိုနူးနူးညံ့ညံ့ခေါ်ခဲ့ဖူးလို့လား

Pa Pa တကယ့်ကိုမတရားဘူး ~~~~~~

" သားသားသူ့ကို Fan Fan လို့ခေါ်မယ် "

" သားသား Omma ပြောထားတယ်လေ Omma ကို Ma Ma လို့ပြောင်းခေါ်ပြီး သားသား သူ့ကို Ge လို့ခေါ်ရမယ်လို့လေ သားသားနဲ့သူနဲ့က
ညီအစ်ကိုတော်သွားပြီ "

သိပ်ကိုဥာဏ်ကောင်းလွန်းလှချည်လား Kim YoonHee ကိုရီးယားလူမျိုးဖြစ်တဲ့ခင်ဗျားတို့ကတရုတ်လူမျိုးစစ်စစ်ဖြစ်တဲ့ Pa Pa ရဲ့အကြိုက်ကိုသိပ်သိလွန်းတယ်နော် Pa Pa နဲ့ Ge ဆိုဘဲသိပ်ကိုရယ်စရာကောင်းလွန်းတယ်

" မရဘူး မရဘူး သူ့ကို Fan Fan လို့ဘဲခေါ်မှာဘဲ "

" မခေါ်နဲ့ ငါ့ကိုဘာနာမည်မှလာမခေါ်နဲ့ ပြီးတော့ငါနဲ့လည်းဘယ်တော့မှလာမပက်သက်နဲ့ "

" Wu Yi Fan မင်း ကလေးကိုဘယ်လိုပြောလိုက်တာလဲကလေးကိုရောက်ကတည်းကစိတ်ညစ်အောင်လုပ်မနေနဲ့ "

သြော် သြော် Pa Pa သိပ်ကိုဒေါသထွက်သွားတယ်ပေါ့ အင်းစိတ်ဝင်စားဖို့တော့ကောင်းသားဘဲ Pa Pa က နောက်မိန်းမရဲ့သားအတွက်ကျွန်တော့်ကိုစိတ်ဆိုးသွားသည်လေ

Pa Pa အတွက်ကျွန်တော်ဆိုးသွမ်းနေတာကသိပ်ထိရောက်မှုမရှိပေမယ့်လို့ Pa Pa နောက်မိန်းမရဲ့သားလေးကိုကျွန်တော်စိတ်ဒုက္ခပေးတာကပိုလို့တောင်ထိရောက်ဦးမယ်ထင်

စိတ်ချ Pa Pa , Pa Pa အတွက်ကျွန်တော့်ရဲ့ကစားကွင်းလေးနေရာပြောင်းပေးပါ့မယ် ~

" Fan Fan "

" ဟေ့ကောင်လေး မင်းကိုဘယ်သူကငါ့အခန်းထဲဝင်ခိုင်းလို့လဲ အခုပြန်ထွက်စမ်း "

ကျိန်စာOù les histoires vivent. Découvrez maintenant