Ep_12 (Unicode)

215 17 0
                                    

" Chanyeol ကို့ကိုကြည့် ဘာဖြစ်တာလဲ Chanyeol "

တစ်ခွန်းတစ်လေတောင်ပြန်မပြော ငေးကြည့်နေတာကလည်းတစ်ခါမှမတွေ့ဘူးတဲ့သူတွေလို ဒီကလေးရူးသွားတာတော့မဟုတ်ပါဘူးနော်

ကျွန်တော့်အခန်းထဲကိုတွဲခေါ်လာတော့လည်းတုပ်တုပ်မှမလှုပ် ဘာလည်းပြန်မပြော လင်းထိန်နေတာကိုဘဲသူကကြောက်လန့်နေတယ်

ကုတင်ပေါ်မှာသူကငုတ်တုတ် ကျွန်တော်လည်းကုတင်အောက်မှာငုတ်တုတ်ဘဲ သူ့ကိုအတင်းလှုပ်ပြီးခေါ်နေတာ သူကတော့ဘာတစ်ခုမှမသိသလို

သူစားဖို့နွားနို့ခွက်ယူလာပေးတော့လည်းပေါက်ခွဲပစ်လိုက်တယ် မုန့်တွေကိုလည်းလွှင့်ပစ်နေတယ် Chanyeol ပုံစံကတကယ့်အရူးလေးတစ်ယောက်လို

တော်တော်ကြာပြီ အရုပ်တစ်ရုပ်လိုဘဲမလှုပ်မယှက်ထိုင်နေတာ ဘာကျွေးကျွေးလွှင့်ပစ်တာကြီးဘဲ ကျွန်တော်ကယူလာ သူကလွှတ်ပစ် ကျွန်တော်ကထပ်ပြီးယူလာ သူကထပ်လွှတ်ပစ်နဲ့သံသရာလည်နေတာ

ကုတင်ပေါ်ကနေသူဆင်းသွားတယ် ပြီးတော့ဒေါင့်လေးမှာငုတ်တုတ်ထိုင်နေတယ် မျက်လုံးတွေက အရောင်လုံးဝကင်းမဲ့နေတုန်းဘဲ

ငိုခြင်း ကြောက်လန့်ခြင်း လုံးဝမရှိတော့ဘူး ကျွန်တော့်ကိုလည်းရှိတယ်လို့တောင်မသတ်မှတ်ထားဘူး တကယ့်ကိုသူတစ်ယောက်တည်းရှိနေသလိုဘဲ

ကျွန်တော်သူ့ဘေးနားမှာထိုင်လိုက်တယ် တစ်ချက်လေးတောင်လှည့်မကြည့်ဘူး သူ့ပခုံးလေးကိုမှီလိုက်တယ်
အနည်းငယ်တောင်မလှုပ်သွားဘူး

ပြောပြောနေကြ " မင်းဟာငါ့အရုပ်ဘဲ " ဆိုတဲ့စကားဟာအခုမှတကယ်ဖြစ်နေတာပါလား Park Chanyeol ~

သူ့ပခုံးလေးကိုမှီထားရင်းကျွန်တော်အိပ်ပျော်သွားတယ်ထင်ရဲ့ နာရီကြည့်လိုက်တော့ည 11 နာရီတိတိအခုထိ Chanyeol ငုတ်တုတ်ထိုင်နေတုန်းဘဲလုံးဝမအိပ်ဘူး ပြီးတော့မျက်လုံးတွေကိုလည်းလုံးဝမမှိတ်ထားဘူး

စိတ်ပူလာပြီ မင်းဘာတွေဖြစ်နေတာလဲ Chanyeol စကားတစ်ခွန်းတစ်လေတောင်ပြန်မပြောပါလား အရင်လို Fan Fan လို့ခေါ်နေကြကိုလည်းမေ့နေပြီထင်တယ်

ကျိန်စာDonde viven las historias. Descúbrelo ahora