Ep_15

6.8K 597 80
                                    

ကုတင်ပေါ်တွင်အိပ်ပျော်နေသောကလေးလေးသည် အပြစ်ကင်းလှပေစွ ထိုကလေးလေးကိုကျွန်တော်က
ဘယ်လိုနှလုံးသားနဲ့များရက်စက်စွာနှိပ်စက်ခဲ့ပါလိမ့်

အမှန်ဆို ကိုလည်းကလေးကိုချစ်နေခဲ့မိတယ်ကလေးငါးနှစ်သားအရွယ်ကလေးလေးကို ဆယ့်ငါးနှစ်အရွယ် တဇွတ်ထိုးဆန်လွန်းတဲ့လူဆိုးလေးကမရိုးသားစွာခင်တွယ်မိတယ်ဆို ကိုအရမ်းများလွန်သွားမလားဟင်

ကလေးကို့ကိုကျောင်းကပြန်တဲ့အချိန်တိုင်းထွက်ကြိုနေရင် ကိုတကယ်ကျေနပ်မိတယ်ကလေး ကိုကို့အရမ်းခင်တွယ်လွန်းတဲ့ကလေးကို ချစ်ချင်ပေမယ့်ကို့ Ma Ma အတွက်တကယ့်ကိုမတရားဘူးမဟုတ်လားဟင်

ကို့ကိုတွေ့တာနဲ့ပေါင်ပေါ်အတင်းလာထိုင် ပါးတွေကိုနမ်းတတ်တဲ့ကလေးကို လှုပ်လို့မရအောင်
အတင်းဖက်ထားချင်ပေမယ့်တကယ်တမ်းလက်တွေ့မှာတော့တွန့်ဆုတ်နေခဲ့မိတယ်

ကလေးကိုကစားကွင်းထဲမှာတစ်ယောက်တည်းထားပစ်ခဲ့တုန်းက ကလေးရဲ့မျက်ရည်တွေကိုကြည့်ရင်း
ကိုလည်းတကယ့်ကိုနာကျင်ခဲ့ရပါတယ် ပြန်လှည့်ပြီးလာရှာပေမယ့်လို့ကလေးဟာတကယ့်ကို
ပျောက်ခြင်းမလှပျောက်သွားခဲ့တာပါ

အချိန်တော်တော်ကြာအောင်လိုက်ရှာခဲ့ပေမယ့်ကလေးကိုမတွေ့လို့အိမ်ကိုဘဲပြန်လာခဲ့ရတယ်လေ ကလေးရဲ့အမေနဲ့ ကို့ Pa Pa သိသွားလို့ကလေးကိုပြန်ရှာတာ
ပြန်ရှာတွေ့ခဲ့တယ်လေ

ကလေးကို Pa Pa တို့ရှာနေတုန်းက ကိုအခန်းထဲမှာအိပ်နေတာမဟုတ်ဘူး ကလေး Ma Ma ကိုတိုင်တည်ပြီးငိုယိုဆုတောင်းနေခဲ့မိတာ ခဏလေးအိပ်ပျော်သွားတာကိုတော့ ကိုဟာမတားဆီးနိုင်ခဲ့ဘူး

ကိုပြန်နိုးလာတဲ့အချိန် ကလေးပြန်ရောက်နေတာတွေ့လို့ ကိုသေလောက်အောင်ပျော်ခဲ့ရတယ် ကလေး အဲ့တုန်းကဘယ်သူ့ကိုမှစကားပြန်မပြောတဲ့ကလေးဟာလေကို့ကိုတော့စကားတစ်ခွန်းပြန်ပြောခဲ့တယ်နော်

" ကျွန်တော့်ကိုမမုန်းပါနဲ့ Fan Fan " ဆိုပြီးလေကို ကလေးကိုမုန်းတယ်လို့ပြောခဲ့မိလို့လားကလေးရယ်ရှုပ်ထွေးလွန်းပြီးနာကျင်စရာအခြေအနေတွေကြား ကိုဟာဗျာများခဲ့ရသူပါ

ကျိန်စာDonde viven las historias. Descúbrelo ahora