Ep_9

6.8K 618 78
                                    

မိုးရေထဲတွင်ထီးမပါဘဲအိမ်ပြန်ရခြင်း၏အကျိုးရလဒ်သည်အသည်းအသန်ဖျားခြင်းပင် လှုပ်လို့ပင်မရကိုက်ခဲလွန်း၍အိပ်ယာထဲတွင်သာလှဲနေရသည်

" Chanyeol Park Chanyeol ဘာလုပ်နေတာလဲ မိုးလင်းလို့နေဖင်ထိုးနေပြီ မင်းကအခုထိမထသေးဘူးလား မင်းလုပ်ရမယ့်အလုပ်ကိုမင်းမသိဘူး
လား "

"ငါပြောနေတာမကြားဘူးလား တောက် ငါလုပ်လိုက်ရ စောစောစီးစီးနာတော့မယ် "

" တံခါးဖွင့်လေ ဟိတ်ကောင်ဖွင့်ဆို မင်းသေချင်နေပြီလား တံခါးဖွင့်စမ်း "

ကျွန်တော်နေမကောင်းဘူး Fan Fan စကားသံကျယ်ကျယ်တောင်မထွက်နိုင်ဘူးဖြစ်နေတယ် Fan Fan အသံကြားပါလျက်နဲ့ကိုပြန်မထူးနိုင်တာ

ကျွန်တော်တစ်ခုခုဖြစ်နေတယ်ဆိုပြီး Fan Fan တော့ စိတ်ပူတော့မည်ထင်တယ် ~

" Awwwww တံခါးဖွင့်ဝင်လာမှဘဲသိတော့တယ် မင်းကဘာလုပ်နေတာလဲ အိပ်နေတာလား တော့်တော့်ကို Park Chanyeol ပီသပါပေတယ်ပြောရရင်လည်းစောစောစီးစီးငါကရိုင်းတယ်ဖြစ်ဦးမယ် မင်း ကုပ်ကမြင်းလုပ်နေတာသာလူမသိတာ
ငါကနှိပ်စက်တယ်ဆိုပြီး လူသိတော့မယ် "

ပြောချင်တာတွေပြောပြီးထွက်သွားပါရောလား Fan Fan ကျွန်တော်ဘာဖြစ်နေလဲဆိုတာနည်းနည်းလေးမှတောင်မသိပါလား

အဖျားကြီးပြီးအိပ်ယာထဲတွင်ကွေးကွေးလေးအိပ်နေသောကျွန်တော်သည် ဝူးခနဲမောင်းထွက်သွားသော Fan Fan ရဲ့ကားသံကြားမှကိုယ့်ဘဝကိုသိနားလည်
သွားလေတော့သည်

ကျွန်တော့်ကိုများစိတ်ပူနေမလားတွေးတောမိခဲ့တဲ့
ကျွန်တော့်ရဲ့အတွေးလေးတွေဟာလည်းရှက်ရွံ့ကုန်လျက် တကယ့်ကိုရှက်မိပါတယ် Fan Fan ~

ပူခြစ်တောက်နေ၍မလှုပ်ချင်သောခန္ဓာကိုယ်သည် အားတင်းကာအောက်ထပ်တွင်ရှိသောတယ်လီဖုန်းရှိရာသို့

မှတ်စုစာအုပ်လေးတွင်မှတ်ထားသော Zhang ရဲ့ ဖုန်းနံပါတ်လေးကိုအားတင်းနှိပ်ကာ

" Zhang လား ကျွန်တော့်စီကိုလာပေးပါလားဟင် ကျွန်တော်အိမ်မှာ "

နာရီပိုင်းလေးအတွင်း Zhang သည်ကျွန်တော်ရှိရာ အိမ်သို့အပြေးအလွှားရောက်လာပြီးရောက်သည်နှင့်ကျွန်တော့်နဖူးကိုစမ်းလေသည်

ကျိန်စာWhere stories live. Discover now